1. Home
  2. International News

ဘေကွန်ရနံ့နှာခေါင်းစည်း

International News ต.ค. 29, 2563 view 1,839

ကမ္ဘာတစ်ဝှမ်းပျံ့နှံ့နေသော ကိုဗစ်¬-၁၉ ရောဂါကြောင့် နှာခေါင်းစည်းတွေဟာ အားလုံးအတွက်အပြင်ထွက်တိုင်း မရှိမဖြစ်လိုအပ်လာသောအရာတစ်ခုဖြစ်လာပါတယ်။ ဝတ်ဆင်လို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ရောဂါမကူးစက်ရန် ဝတ်ဆင်ရမှာက အဓိကအရေးကြီးဆုံးပါ။

ပုံမှန်တွေ့ရများတာက ရိုးရိုးနှာခေါင်းစည်းဝတ်ဆင်တာ တွေ့ရများပြီး၊ အသစ်အဆန်းကြိုက်နှစ်သက်တဲ့ တချို့သူတွေအတွက်ကတော့ ရိုးရိုးနှာခေါင်းစည်းဝတ်ဆင်တာဟာ တခါတလေငြီးငွေ့ဖို့ကောင်းပါတယ်။ ဒါ့ကြောင့် အခုနောက်ပိုင်းမှာ ပုံစံအသစ်အဆန်းလေးတွေ၊ ဒီဇိုင်းကာလာလှလှလေးတွေ အများအပြားဖန်တီးထွက်ရှိလာပါတယ်။ အမေရိကန်ကအစားအစာကုမ္ပဏီတစ်ခုမှာလည်း သင်၏အစားစားချင်စိတ်ကိုနှိုးဆွပြီး သွားရည်တွေကျစေမယ့် နံနက်စာစားခြင်းကိုအသားကြိုက်နှစ်သက်သူတွေအတွက် အကြိုက်တွေ့စေမယ့် ဘေကွန်ဝက်သားပြားရနံ့ရှိတဲ့ Breathable Bacon လို့ခေါ်တဲ့နှာခေါင်းစည်းဒီဇိုင်းအသစ်တစ်ခုကို စိတ်ကူးဖန်တီးထားပါတယ်။

စိတ်ပါဝင်စားသူများအတွက် breathablebacon.com မှာ စာရင်းသွင်းမှာဝယ်လို့ရနေပါပြီ။ ဒီနှာခေါင်းစည်းကိုတပ်ဆင်ပြီး ဗိုက်ခဏခဏဆာနေမှာကတော့ သေချာပါတယ်။ ဘေကွန်ဝက်သားပြားရနံ့ကတော့ မြန်မာလူမျိုးများအတွက် အကြိုက်ကြီးသိပ်မဟုတ်ပေမယ့်လည်း၊ အကယ်၍ မြန်မာပြည်မှာရှိခဲ့မယ်ဆိုရင် ပရိသတ်ကြီးတို့ရော ဘာအနံ့တွေကြိုက်ကြလဲ….။

#popolay #popolaytv #popolaynews



Follow us on