1. Home
  2. International News

မီးဘေးသင့်ခဲ့သည့် ခိုအားလားများကို တောထဲသို့ ပြန်လွှတ်ရေးထက် ထိန်းသိမ်းရေးစင်တာများတွင် ဆက်လက်မွေးမြူထားရန် ဩစတြေးလျ စီစဉ်

International News พ.ย. 04, 2563 view 1,898

ဩစတြေးလျနိုင်ငံတွင် နွေကာလနီးကပ်လာပြီဖြစ်သဖြင့် ယမန်နှစ် မီးဘေးသင့်ခဲ့သည့် ခိုအားလားများကို တောထဲပြန်လည်စေလွှတ်ရေး ထက် ထိန်းသိမ်းရေးဂေဟာများတွင် ဆက်လက်စောင့်ရှောက်ထားရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ ဩစတြေးလျနိုင်ငံ၏ နွေကာလမှာ နိုဝင်ဘာလမှ ဖေဖော်ဝါရီလအထိဖြစ်ပြီး ယမန်နှစ် နွေရာသီ အတွင်း ဩစတြေးလျတစ်နိုင်ငံလုံးတွင် တောမီးလောင်ကျွမ်းမှုကြောင့် လူနေအိမ်များစွာ ပျက်စီးခဲ့ရသလို ခိုအားလားနှင့် သားပိုက်ကောင် များစွာ သေဆုံးခဲ့ရသည်။

အထူးသဖြင့် ခိုအားလား အများအပြားရှိရာ ဩစတြေးလျ တောင်ပိုင်းပြည်နယ်ရှိ ကန်ကရူးအိုင်လန် (သားပိုက်ကောင်ကျွန်း) တွင် ထိခိုက်မှုများပြားခဲ့ပြီး အဆိုပါကျွန်းမှ ခိုအားလားကောင်ရေ ငါးသောင်းအနက် ငါးထောင်မှ တစ်သောင်းကြားသာ ကျန်ရှိနိုင်ဖွယ်ရှိ ကြောင်း သိရသည်။ ရေနှင့် အစာရေစာ ပြတ်လပ်ခဲ့သည့် ခိုအားလား များကို ကယ်တင်ကာ စောင့်ရှောက်ရေးစင်တာများတွင် ထိန်းသိမ်းထား ခြင်းဖြစ်သည်။ အချို့ကို တောထဲသို့ ပြန်လည်စေလွှတ်ထားပြီးဖြစ်သော်လည်း ငယ်ရွယ်သည့် ခိုအားလားအများစုကို စောင့်ရှောက်ရေး စင်တာများတွင် ဆက်လက်စောင့်ရှောက်ထားဆဲဖြစ်သည်။

ကိုးကား- ဘီဘီစီ

ဘာသာပြန်-မေလဲ့သင်း/The Mirror



Follow us on