1. Home
  2. International News

စင်္ကာပူတွင် ကိုဗစ်ကာကွယ်ဆေး ယနေ့စတင်ထိုး

International News ธ.ค. 30, 2563 view 2,108

စင်္ကာပူတွင် ကိုဗစ်ကာကွယ်ဆေးကို ယနေ့စတင်ထိုးနှံပေးနေပြီဟု စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနက ကြေညာသည်။ ကျန်းမာရေးဝန်ထမ်းများ၊ သက်ကြီးရွယ်အိုဘိုးဘွားများအားစောင့်ရှောက်ပေးနေသည့် ဝန်ထမ်းများ၊အုပ်ချုပ်ရေးဝန်ထမ်းများအား ထိုးနှံပေးနေခြင်းဖြစ်သည်။

ပထမဦးဆုံး ကာကွယ်ဆေးထိုးသူမှာ အသက် ၄၆နှစ်အရွယ် အကြီးတန်း သူနာပြုဝန်ထမ်း ဖြစ်သည်။ ကာကွယ်ဆေးကို ၂ကြိမ်ထိုးနှံပေးမည်ဖြစ်ကာ ၂၁ရက်အကြာတွင် ဒုတိယအကြိမ်ထိုးနှံပေးမည်ဟု သိရသည်။



Follow us on