1. Home
  2. International News

တရုတ် မြို့တော် ပေကျင်းအနီး ကိုဗစ်-၁၉ ကူးစက်မှု ၃၈၀ ကျော်အထိရှိလာ

International News ม.ค. 11, 2564 view 1,707

တရုတ်မြို့တော် ပေကျင်းရဲ့ တောင်ဘက် မိုင် ၁၆၀ အကွာ Hebei ဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အသစ် ၄၀ ထပ်တွေ့ပြီး ကူးစက်သူပေါင်း ၃၈၀ ကျော်ပြီလို့ ကျန်းမာ‌ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ကူးစက်မှု အများစုက Hebei ဒေသမြို့တော် Shijuazhuang မှာပါ။

ဒီနေ့ တနင်္ဂနွေ နောက်ဆုံးရရှိတဲ့ သတင်းအရ ‌ရောဂါလက္ခဏာမပြဘဲ ပေါ့စတစ် စစ်ဆေးတွေ့ရှိသူ ၁၆၁ ဦးရှိပါတယ်။ တရုတ်မှာက ဒါတွေကို တရားဝင်စာရင်းမှာ ထဲ့မရေပါဘူး။ ပေကျင်းမှာရော Shijuazhuang မှာပါ လူသန်းချီ ဗိုင်းရပ်စ်စစ်ဆေးနေပြီး ယာဉ်အသွားအလာ ဆိုင်းငံ့ထားပါတယ်။ တရုတ်တနိုင်ငံလုံးမှာ ကူးစက်မှုအသစ် ၆၉ ခု ထပ်တွေ့ပြီး အများစုက Hebei ဒေသမှာလို့ ကျန်းမာရေးကော်မရှင်က ဒီနေ့ တနင်္ဂနွေမှာ ကြေညာပါတယ်။

ပြည်ပက ဝင်ရောက်လာသူ ၂၁ ဦးမှာလဲ ကူးစက်မှု တွေ့ရှိတယ်လို့ ဆိုပါတယ်။ ပေကျင်းမှာတော့ ကူးစက်မှုအသစ် တခုတွေ့တယ်လို့လဲ ဆိုပါတယ်။ Worldometers စာရင်းအရ လူဦးရေ သန်း ၁,၄၀၀ ကျော်ရှိတဲ့ တရုတ်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၄,၆၀၀ ကျော်၊ ကူးစက်သူ ၈၇,၀၀၀ ကျော် ရှိပါတယ်။ ။

Source : AP One News



Follow us on