1. Home
  2. International News

ဆင်စီးကာ တောတွင်း လည်ပါတ်နေသူ ဆင်တိက် ခိုက်ခံရကာ နှစ်ဦး သေဆုံး၊ မြန်မာ နိုင်ငံသား ဒဏ်ရာရ

International News ก.พ. 02, 2559 view 1,792

ထိုင်းနိုင်ငံ ဆူလ ဌာနီအတွင်း ကော့စမွေ ကျွန်းတွင် ဖွင့်လစ်ထားတဲ့ ဘေးမဲ့ သစ်တော အတွင်း ဆင်စီးပြီး လယ်ပါတ်နေသူ နိုင်ငံခြားသားများ စီးလာတဲ့ ၁၃နှစ်သား ဆင်တကောင် ဟာ ရုတ်တရက် စိတ်ရိုင်းဝင် လာပြီးနောက် ကျောပေါ်စီးနင်း လိုက်ပါလာကြသူ မိသားစုတွေ ကို တိုက်ခိုက်ခဲ့လို့  စကော့တလန် နိုင်ငံသား Moustafa Norman နဲ့  သမီးဖြစ်သူ အသက် ၁၆နှစ် တို့ ဟာ ဒဏ်ရာ ပြင်းထန်လို့ သေဆုံးခဲ့ပြီး ဆင်ဦးစီးဖြစ်သူ ဒဏ်ရာ အပြင်းအထန် ရသွား ခဲ့ကြောင်း ထိုင်းနိုင်ငံ အွန်လိုင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ဆင်ဦးစီးဖြစ်သူ မြန်မာနိုင်ငံသား ( စောဝင်းသန်း)လည်း စိတ်ရိုင်းဝင်သွား တဲ့ ကျောပေါ်ကနေပြတ်ကျပြီး ဆင်တိုက်ခိုက်တာ ခံရလို့  ဆေးရုံတင် ခဲ့ရပါတယ်။

စောဝင်သန်းက နိုင်ငံခြားသား တွေကို ခြေထောက်နဲ့ နင်း အစွယ်နဲ့ ထိုးနေတာကို ကြိုးစားပြီး ဟန့် တားဘို့  ကြိုးစားတာကို သူ့ ကိုပါ ပြန်အတိုက်ခိုက် ခံခဲ့ရတာပါ။

ယခုဖြစ်ရပ်နဲ့ ပါတ်သက်လို့  စစ်ဆေးနေရာမှာ ယခုရက်ပိုင်းအတွင်း ရာသီဥတုက ပြန်လည် ပူအိုက်လာပြီး အပူချိန်မြင့်လာကြောင့် ဆင်တွေ ဟာ ကိုယ်ပေါ်မှာ ထမ်းထားရတဲ့ အလေးချိန်ကြောင့် စိတ်မသက်မသာ ဖြစ်ရာက ဒေါသထွက်လာ လာတာ ဖြစ်ကြောင်း သိရပါတယ်။

Social Action for Women - SAW
https://www.facebook.com/Social-Action-for-Women-SAW



Follow us on