အိန္ဒိယနိုင်ငံမှ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်နဲ့ တစ်နှစ်ခွဲအရွယ် သားငယ်လေး တစ်ဦးတို့ဟာ အရွယ်မတိုင်ခင် အိုမင်းခြင်း ရောဂါကို ခံစားနေရပါတယ်။ ယင်း ရောဂါဟာ Cutis Laxa လို့အမည်ရပြီး အခြား အရွယ်မတိုင်ခင် အိုတဲ့ ရောဂါဝေဒနာသည်များနဲ့လည်း သိပ်မတူပါဘူး။
Cutis Laxa ကို ခံစားရမိတဲ့ ယင်း ကလေးငယ်နှစ်ဦးရဲ့ အသားအရေဟာ တွန့်တွဲကျသွားပြီး ယင်းတွန့်တဲ့အစိတ်အပိုင်းနေရာများမှာ နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ခံစားရ ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ အချိုး၊ အကောက် နေရာတွေမှာလည်း ကိုက်ခဲဝေဒနာကို ခံစားရပါတယ်။ ယင်းကလွဲလို့ အခြား ရောဂါဝေဒနာ မရှိပါဘူး။ အသက် ၄၀ အရွယ်နဲ့ ၃၅ နှစ်အရွယ် ဇနီးမောင်နှံတို့မှ မွေးဖွားလာခြင်း ဖြစ်ပြီး ပထမဆုံး မွေးတဲ့ ယခု အသက် ၁၁ နှစ်အရွယ် သမီးကတော့ ယင်း ဝေဒနာကို မခံစားရ ပါဘူး။
မိခင်နဲ့ ဖခင်ဟာလည်း မခံစားရပါဘူး။ ရှားရှား ပါးပါး နောက်ဆုံးမွေးတဲ့ သားသမီး ၂ ဦးစီမှာ ဖြစ်နေပြီး ယင်းအတွက် ကုစရာ ဆေးလည်း မရှိကြောင်း ဆိုပါတယ်။ ဒေသတွင်း ဆရာဝန်များက လက်လျော့ထားပြီး နိုင်ငံတကာသို့ သွားရောက် ပြသဖို့သာ တိုက်တွန်းထားပါတယ်။ ဖခင်ဖြစ်သူက တစ်လကို ယူရိုငွေ ၄၅ ဒေါ်လာနဲ့ မျှတဲ့ဝင်ငွေသာ ရှိပြီး မိသားစုတစ်ခုလုံးကို လုပ်ကျွေးနေသူ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဆေးဖိုးလည်း မတတ်နိုင်ပါဘူး။ ဒါကြောင့်မို့ DailyMail က ယခုလို ဖော်ပြပြီးတော့ နိုင်ငံတကာကို သိစေခဲ့ ပါတယ်။
Credit: aungkham_yyl www.yoyarlay.com