1. Home
  2. International News

အမေရိကန် နိုင်ငံ ချေဗီရွန် မြို့ရှိ KFC ဆိုင်မှာ စားသုံးသူတစ်ဦးအား ဦးနှောက် ပုံသဏ္ဍာန်လိုမျိုး အစိတ်အပိုင်း ရောနှော ပါဝင်သော ကြက်ကြော်အား ရောင်းချမိခဲ့

International News ก.พ. 04, 2559 view 1,827

ဦးနှောက်ပုံသဏ္ဍာန်လိုမျိုး အစိတ်အပိုင်း ရောနှောပါဝင်သော ကြက်ကြော်အား ကိုက်ပြီး၍ စားမိလှ နည်းနည်းဖြစ်ပြီးမှ သတိထားမိသဖြင့် စားအသောက်ပျက်၍ မသတီဖြစ်မိသည်ကို အမေရိကန်နိုင်ငံ ချေဗီရွန်မြို့နေသူ Mr Marc Nicholls မှ ပြောကြားခဲ့ကြောင်း Daily Mail သတင်းမှ ဖော်ပြခဲ့သည် ။

IT နည်းပညာရှင် ဖြစ်သော Mr Nicholls မှ အင်္ဂါနေ့ အလုပ်နားရက်တွင် KFC ဆိုင်သို့သွားရောက်ပြီး အမိရိကန် ဒေါ်လာ ၁၂.၅ တန်ဖိုးရှိ ကြက်တောင်ပံ (၂) တုံး နှင့် ကြက်ပေါင် (၁) တုံးပါ အသင့်စားသုံးနိုင်သည့် ဗူးကို ဝယ်ယူခဲ့သည် ။ ကြက်ပေါင်အား စားနေစဉ်မှာ အသားကဲ့သို့ မကြွပ်ရွဘဲ အိစိစိ အရာကို ကိုက်မိသဖြင့် ပြန်လည် စစ်ဆေးကြည့်ရာ ဦးနှောက်ပုံ သဏ္ဍာန်ကဲ့သို့သော အစိတ်အပိုင်း ပါဝင်ကြောင်း သိလိုက်ရသည် ။

အဲဒီ အစိတ်အပိုင်းဟာ ကြက်၏အဆုပ် ဖြစ်နိုင်ကြောင်း ဝန်ထမ်းများကို အသိပေးပြီးနောက်မှာ KFC ၏ ဝန်ဆောင်မှုဌာနသို့ဆက်သွယ်ခဲ့သည် ။ အစားအသောက်အတွက် ပါတ်သက်ပြီး ဆိုင်မှ လည်း သူ့အတွက် ဘာမှ ပြန်လည် ပြင်ဆင်ပေးမှုများမရှိခဲ့ကြောင်းလည်း သိရှိရသည် ။

အစားအသောက်များကို ပြင်ဆင်ချိန်မှာ တစ်ခါတစ်ရံ အတွင်းသားများကို အမှုမဲ့ အမှတ်မဲ့ မပယ်ရှား မတာမျိုးကတော့ ကြုံတွေ့တတ်ကြောင်း နှင့် ထို အစိတ်အပိုင်းမှာ ကြက်၏ အဆုပ် သို့ ကျောက်ကပ် ဖြစ်နိုင်ကြောင်းကို KFC မှ ပြောဆိုခွင့်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည် ။ “ အမြဲတမ်း ဝမ်းတွင်းသားတွေကို သေချာပယ်ရှားပါတယ် ဒီလိုဖြစ်ရပ်က ရှားရှားပါးပါး ဖြစ်ရပ်ပါ ။ ယခုဖြစ်ရပ်က ကျန်းမာ ရေးအတွက် မထိခိုက်နိုင်ကြောင်း ကျွန်တော်တို့ ပြန်လည် စစ်ဆေးပြီးပါပြီ “ ဟု ဖြည့်ဆွက်ပြောဆိုခဲ့ပါသည် ။

သို့သော် Mr Nicholls မှာ နောက်ထပ်ဘယ်တော့မှ အဲဒီဆိုင်မှ အစားအသောက်ကို စားတော့မည် မဟုတ်ကြောင်း နှင့် အခြား စားသောက်သူများလည်း သတိထား ၍ စားသောက်ကြရန် ပြောဆိုခဲ့သည် ။

Credit source: Daily Mail



Follow us on