ကမ္ဘာကျော် အာဂျင်တီးနား ဘောလုံးသမား မက်ဆီကို နှစ်သက် အားကျပြီး ပလတ်စတစ်ကြွပ်ကြွပ်အိတ်ကို မက်ဆီရဲ့ အင်္ကျီ လုပ်ကာ ၀တ်ဆင် ဘောလုံးကန်နေတဲ့ အာဖဂန်နစ္စတန်က ၅နှစ်သားအရွယ် မာတာဇာ အမာဒီ ဆိုသူ ကလေးငယ်ဟာ အခုအခါမှာတော့ ကမ္ဘာကျော်ဘောလုံးသမား မက်ဆီနဲ့ တွေ့ဖို့ အလားအလာရှိနေပါတယ်။
“ကျနော် မက်ဆီနဲ့ ဘောလုံးကစားတာကိုချစ်တယ်၊ တနေ့မှာ မက်ဆီနဲ့ တွေ့မယ်”လို့ ဆိုခဲ့တဲ့ ၅နှစ်သားလေး မာတာဇာ အမာဒီဟာ မက်ဆီရဲ့ ဘောလုံးဝတ်စုံကိုမှ ၀တ်ချင်တယ်လို့ ပူဆာတာကြောင့် အကိုဖြစ်သူက အာဂျင်တီးနား ဘောလုံးအသင်း အင်္ကျီ အရောင် ကြွပ်ကြွပ်အိတ်ကို အင်္ကျီလိုလုပ်ပေးခဲ့ပြီးနောက် သူဘောလုံးကစားတဲ့ ပုံတွေ လူမှုကွန်ရက် Facbook မှာ ပျံနှံကာ အာဖဂန်နစ္စတန် ဘောလုံးအဖွဲ့ချုပ်က ဒီကလေးငယ်ကို မက်ဆီနဲ့ တွေ့ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ အမာဒီ အနေနဲ့ မက်ဆီနဲ့ တွေ့ဖို့ အခွင့်အလမ်းရှိနေတယ်လို့ ပြောလိုက်ပါပြီ။
Credit ; The Irrawaddy (Burmese Version)