1. Home
  2. International News

နှင်းထုအောက် ၁၀ မီတာ တွင် ပိတ်မိနေပြီး အံ့သြဖွယ်အသက်ရှင်ခဲ့သော အိန္ဒိယ စစ်သား

International News ก.พ. 10, 2559 view 1,680

ကမ္ဘာ့အမြင့်ဆုံး စစ်မြေပြင်လို့ပြောနိုင်တဲ့ အိန္ဒိယ နိုင်ငံ ထိန်းချုပ်ထားသော Kashmir ဒေသတွင် နှင့်းထု အောက် ၁၀ မီတာ တွင် ၆ ရက်တိုင်တိုင် နှစ်မြုပ်နေခဲ့သော အိန္ဒိယ စစ်သားတစ်ဦးမှာ ယခုအချိန်တွင် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပါသည် ။

ဆေးကုသမှု ခံယူလျက်ရှိသော Hanamanthappa Koppad နှင့် အတူ အခြား အိန္ဒိယ စစ်သား ၉ ဦးတို့မှာ လွန်ခဲ့သော ဗုဒ္ဓဟူးနေ့၌ အမြင့်ပေ ၅,၈၀၀ ရှိသော ရေခဲတောင်ပေါ်ရှိ စစ်စခန်းတွင် တာဝန်ကျနေစဉ် ရေခဲတောင်ပြိုကျပြီး နှင်းထု အောက်တွင် ပိတ်မိနေခဲ့ခြင်းဖြစ်သည် ။

၆ ရက်တိုင်တိုင် ပိတ်မိနေခဲ့သော်လည်း ထူးဆန်းစွာဖြင့် အသက်ရှင်နိုင်ခဲသော Koppad ကို ကယ်ဆယ်ရေးအဖွဲ့ မှာ တွေ့ရှိခဲ့ပြီး ယခုအချိန်တွင် နယူးဒေလီမြို့ရှိ ဆေးရုံတွင် ဆေးကုသမှု ခံလျက်ရှိပြီး စိမ်းရိပ်ရသော အခြေအနေရှိကြောင်း သိရသည် ။

နှင်းထုအောက်တွင် ပိတ်မိနေသူ တစ်ဦးအနေဖြင့် အသက်ရှင်နိုင်သော အခွင့်အလမ်းမှာ ရာခိုင်နှုန်း အလွန် နည်းပါးကြောင်း စစ်တမ်းများ အရ သိရှိရသည် ။
 
အန္ဒိယ၀န်ကြီးချုပ် Narendra Modi မှ တတိုင်းပြည်လုံးရဲ့ ဆုတောင်း မေတ္တာပို့သမှုတွေကို သယ်ဆောင်လာကြောင်းTwitter လူမှုကွန်ယက်ကတဆင့် ပြောကြားပြီးတဲ့နောက် အင်္ဂါနေ့က Koppad ထံ သွားရောက်ခဲ့ပါသည် ။


၇၈ ကီလိုမီတာ ရှည်လျားတဲ့ Siachen ရေခဲတောင်ဟာ အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံစလုံးမှ ပိုင်ဆိုင်ကြောင်း အငြင်းပွားလျက်ရှိသော Kashmir ဒေသအတွင်းရှိ Line Of Control လို့ခေါ်သည့် နှစ်နိုင်ငံ နယ်ခြားဒေသမှာ တည်ရှိခြင်း ဖြစ်သည် ။



Follow us on