1. Home
  2. International News

ဂျာမနီ ခရီးသည် တင်ရထား ၂ စီး ခေါင်းချင်းဆိုင် တိုက်မိရာမှ လူ ၉ ဦးသေ ၁၀၀ ကျော် ဒဏ်ရာရ

International News ก.พ. 10, 2559 view 1,613

ဖေဖော်ဝါရီ ၉ ရက်နေ့က ဂျာမနီနိုင်ငံ မြူးနစ်ခ်ျမြို့အရှေ့တောင်ဘက် ၃၇ မိုင်အကွာက ဘာဗားရီးယန်းမြို့နားမှာ ခရီးသည်တင် ရထား ၂ စီး ခေါင်းချင်းဆိုင် တိုက်မိခဲ့ပါတယ်။ လူ ၉ ယောက်သေဆုံးပြီး လူအယောက် ၁၀၀ ကျော် ဒဏ်ရာရတယ်လို့ ဂျာမန်ရဲတွေက ပြောပါတယ်။

လူစီးအများဆုံး အချိန် မနက် ၇ နာရီလောက်မှာ တိုက်ခဲ့တာကြောင့် ဒဏ်ရာရသူ ၁၀၈ယောက်ထဲမှာ ၁၈ယောက်က အခြေအနေ ပြင်းထန်ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့ ဒါဇင်နဲ့ချီပြီး ရထားတိုက်ရာ ဂျာမန် သြစတြီးယားနယ်စပ်ကို ရောက်လာခဲ့တာပါ။

ထိခိုက်ဒဏ်ရာရသူတွေကို အနားက ဆေးရုံတွေဆီ ရဟတ်ယာဉ်တွေနဲ့ သယ်သွားခဲ့ကြပါတယ်။ အခင်းဖြစ်ရာနေရာကို ပိတ်ချခဲ့ပြီး ကယ်ဆယ်ရေးနဲ့အတူ တိုက်မိမှုကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတွေ က ပြောပါတယ်။

ရထားလုပ်ငန်းကို လုပ်ကိုင်သူ မာရီဒီယန်ကုမ္ပဏီဟာ ပြင်သစ်ခရီးသည်တင်လုပ်ငန်း ထရန်စ်ဒဲ့ဗ်ရဲ့ အစိတ်အပိုင်းပါ။ ထရန်စ်ဒဲ့ဗ် ကုမ္ပဏီကတော့ မတော်တဆမှုအတွက် စီမံခန့်ခွဲမှု ပိုင်းကရော ဝန်ထမ်းတွေပါ ဆိုးဆိုးရွားရွား တုန်လှုပ်ခြောက်ချားမိတယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ရထား၂စီးဟာ အရှိန်ပြင်းပြင်း ခေါင်းချင်းဆိုင် တိုက်မိကြတာပါ လူ့အမှားလား စက်ချို့ယွင်းတာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဂျာမန် သယ်ယူပို့ဆောင်ရေး ဝန်ကြီး အလက်ဇန်းဒါး ဒိုဘရင့်ဒ်ထ်က ပြောပါတယ်။ ရထားလမ်းအတွက်ကတော့ အစိုးရပိုင် ဒွိုက်ခ်ျဘန်းကုမ္ပဏီမှာ တာဝန်ရှိပါတယ်။ တကယ်လို့ ရထားက မီးနီကိုဖြတ်မောင်းခဲ့ရင် ရထားကို အလိုအလျောက်ဘရိတ်ဆွဲ အရှိန်သတ် ရပ်တံ့စေတဲ့ စနစ်ကို တပ်ဆင်ထားပါတယ်လို့ သိရပါတယ် ။



Follow us on