1. Home
  2. International News

ဗုဒ္ဓဘာသာကို ရည်ညွှန်းမယ့် ဓာတ်ပုံတွေ အတွက် မြန်မာပြည် အလည်လာသူ

International News ก.พ. 11, 2559 view 1,752

လူမျိုးစုတွေရဲ့ တိမ်မြုပ်ပျောက်ကွယ်လုနီးပါး ထုံးတမ်းဓလေ့တွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေနဲ့ မျိုးတုံးတော့မယ့် အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ တိရစ္ဆာန်မျိုးစိတ်တွေရဲ့အကြောင်း အသေးစိတ် လေ့လာရေးသားထားတဲ့ ဆောင်းပါးမျိုးကို ဓာတ်ပုံတွေနဲ့တကွ စိတ်ဝင်တစားဆွဲဆောင်ပုံနှိပ်ဖော်ပြပေးလေ့ရှိတာကြောင့် National Geographic မဂ္ဂဇင်းက ကမ္ဘာတစ်ဝန်းက လူတွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့တယ်ဆိုတာ ငြင်းမရပါဘူး။

 ဓာတ်ပုံဆရာ အိုင်ရာဘလော့ မြန်မာပြည်ကို လာတဲ့အကြောင်းရင်းက National Geographicမဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ကူးပေးဖို့ မဟုတ်ဘဲ မြန်မာပြည်ရဲ့အလှအပတွေကို ကြည့်ရှုခံစားချင်တဲ့ ဆန္ဒနဲ့လို့ ပြောပါတယ်။ "မြန်မာပြည်က အလွန်လှပြီး ခုဆို လူတိုင်း လာရောက်လည်ပတ်ဖူးချင်တဲ့ တိုင်းပြည်ပါ။ကျွန်တော်လည်း မြန်မာပြည်ရဲ့ အလှအပတွေကို ကြည့်ရှုခံစားချင်လို့ အလည်သက်သက် လာခဲ့တာပါ" လို့ ဓာတ်ပုံဆရာ အိုင်ရာက ပြောပါတယ်။ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ အင်းလေးနဲ့ ကျိုက်ထီးရိုးကို သွားရောက်လည်ပတ်ခဲ့ပြီး ပုဂံဘုရားပုထိုး တွေဆီကိုလည်း ခြေဆန့်ဦးမှာ ဖြစ်ပါတယ်။

"ပုဂံက ဘုရားပုထိုးတွေကို ကျွန်တော် အရမ်းစိတ်ဝင်စားပါတယ်။ ကျွန်တော်ဟာကမ္ဘာ့နေရာတော်တော်များများက ရှေးဟောင်းအမွေအနှစ်နေရာတွေနဲ့ ရှေးဟောင်းယဉ်ကျေးမှုတွေကို နှစ်ပေါင်းများစွာ မှတ်တမ်းတင်ခဲ့ပါတယ်။ ပုဂံကတော့ ကျွန်တော့်အတွက် ရှေးဟောင်းသမိုင်းတွေကို လေ့လာဖို့ အလွန်ပြည့်စုံ ကောင်းမွန်တဲ့ နေရာပဲ ဖြစ်တယ်" လို့ အိုင်ရာက ပြောပါတယ်။

http://myanmar.mmtimes.com/



Follow us on