1. Home
  2. International News

ငါးမန်းကို သံလှောင်အိမ် ထဲကနေ ကြည့်ရှု သူများ

International News ก.พ. 11, 2559 view 1,963

မက္ကဆီကန်ရဲ့ ကမ်းလွန်ဒေသမှာ ပင်လယ်သမုဒ္ဒရာထဲမှာ လူသွားများတဲ့ ရေအောက်ဖျော်ဖြေရေး တစ်ခုကတော့ ရေအောက်ငုပ်ပီးတော့ ငါးမန်းကို ကြည့်ရှုခြင်း ဖြစ်ပါတယ်။ အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ရုရှား ရေငုပ်သမား Dmitry Vasyanovich ဟာ ကြည့်ရှုရုံ အဆင့်ကနေကျော်ပြီးတော့ လက်အပြင်ထွက်လို့ ငါးမန်းအား အစာကျွေးခြင်း၊ လက်ဖြင့် တို့ထိခြင်းကို ပြုလုပ်ခဲ့ ပါတယ်။



သူ့အနေနဲ့ အရဲစွန့်ပြုလုပ်ခြင်း ဖြစ်ပြီး ကံကောင်းစွာပဲ ငါးမန်းဟာ သူ့ကို ရန်မမူခဲ့ ပါဘူး။ သံလှောင်အိမ်ထဲကနေ နေပြီးတော့ ရေငုတ်ပြီး ငါးမန်းအား အစာကျွေးတဲ့ ရေငုပ် ဝန်ဆောင်မှု လုပ်ငန်းဟာ ပင်လယ်သမုဒ္ဒရာပိုင်တဲ့ နိုင်ငံတွေမှာ ထွန်းကားလာပါတယ်။ တရုတ်ပြည်မမှာ ဆိုရင် ယင်းဝန်ဆောင်မှုလုပ်ငန်းဟာ သူတို့ နိုင်ငံသားတွေဆီကနေတင် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁.၅ သန်း ရရှိလောက်အောင် စီးပွား ဖြစ်ထွန်း ပါတယ်။

ငါးမန်းများကို သံလှောင်အိမ်ထဲကနေ ကြည့်ရှုခြင်းသာ ခွင့်ပြုထားကြပြီး လက်၊ ခြေ အပြင်ထုတ်ခြင်း၊ body အပြင်ထုတ်ခြင်းများကို ခွင့်မပြုပါဘူး။ အစာကျွေးဖို့ဆိုတာကို ပိုလို့တောင် ခွင့်မပြုထားကြောင်း သိရပါတယ်။

Credit: yoyarlay



Follow us on