1. Home
  2. International News

ဆင်ရိုင်း တိုက်ခိုက်လုနီးပါး လက်အုပ်ချီ ရှိခိုးပြီးခါမှ အသက် လွတ်မြောက် ခဲ့တဲ့ ကောင်လေး

International News ก.พ. 15, 2559 view 1,865

ထိုင်းနိုင်ငံ Kao Yai National Park မှာ တောင်တက် ဆိုင်ကယ် စီးနှင်းလာတဲ့ ကောင်းလေးတစ်ယောက်ကို လမ်းဘေးတိုင်း သွားနေတဲ့ ဆင်တွေနဲ့တွေ့တော့ သူ့ကို တိုက်ခိုက်ဖို့ လုပ်ခဲ့ပါတယ်။

တောင်တက်လမ်းအတိုင်း တက်လာတော့ ဆင်တစ်ကောင်က အော်ဟစ်ပြီး ကောင်လေး စီကို ပြေးကာ တိုက်ခိုက်တော့ မလို လုပ်တယ်။ ကောင်လေးကလဲ သူ့ဆိုင်ကယ် လမ်းဘေးမှာ ရပ်ထားလိုက်ပြီး ပြေးလာတဲ့ ဆင်ကို လက်အုပ်ချီ ရှိခိုးပြီး သူ့အသက်ကို အသနားခံ မသတ်ဖို့ပြော ခဲ့တယ်။



အဲ့ဒီနောက် အဲ့နားမှာ ရှိတဲ့ ဆင်တွေ လေးငါးကောင်လောက် ကောင်လေးစီသို့ ပြေးပြီး ကောင်လေးကို ၀ိုင်းရံထားကာ အသံ ကျယ်လောင်စွာ ဟစ်အော်ခဲ့ပါတယ်။ ကောင်လေးလဲ လက်အုပ်ချီ ရှိခိုးပြီး သူ့ကို မသတ်ဖို့ ပြောခဲ့တယ်။ နောက်ဆုံးမှာတော့ အံ့သြစရာ မြင်ကွင်းလေး တွေ့လိုက်ရတယ်။

ဆင်တွေလဲ ကောင်လေးကို ပါမှ မလုပ်ဘဲ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။ ကောင်လေးဘဲ ကံကောင်းတာလား၊ ဆင်တွေဘဲ စိတ်ကောင်းဝင်သွား လို့လားတော့မသိပါဘူး။

ကောင်လေးတော့ ပါမှမဖြစ်ဘဲ အသက်လွတ်ခဲ့ပါတယ်။ အံ့သြစရာ မြင်ကွင်းလေးပေါ့။



Follow us on