ချစ်သူများနေ့ကို ကျင်းပခွင့်မပေး တဲ့ Parkinstan
ချစ်သူများနေ့မှာ အနောက်တိုင်းယဉ်ကျေးမှုတွေကို အတုခိုးပြီး ပျော်ရွှင်ပွဲတွေ မလုပ်ကြဖို့ ချစ်သူများနေ့ကို ဆင်နွှဲတာာဟာ ပါကစ္စတန်ယဉ်ကျေးမှုနဲ့ လုံးဝမဆိုင်တဲ့အတွက် ရှောင်ရှားကြရမယ်လို့ လူငယ်ကျောင်းသားတွေကို ရည်ရွယ်ပြီး ပါကစ္စတန်သမ္မတ မန်နွန်းဟူစိန်က တားမြစ်ခဲ့ ပါတယ်။ ပါကစ္စတန်အနောက်မြောက်ဘက်ပိုင်းမှာတော့ ချစ်သူများနေ့ပွဲဆင်နွှဲတာတွေ ဘာတစ်ခုမှ မလုပ်ကြဖို့ တန်ခိုးအာဏာထွားသူတွေက အမိန့်ထုတ် ပြီးတဲ့နောက်မှာ ပါကစ္စတန်သမ္မတကလည်း အခုလို ပြောခဲ့ခြင်းဖြစ်ပါတယ်။
ဗယ်လင်တိုင်းဒေးနေ့ ဆင်နွှဲမှုဟာ ပါကစ္စတန်မြို့ပြတွေမှာ လူငယ်တွေအကြား ခေတ်စားပေမယ့်လည်း ဘာသာရေး အုပ်စုတွေကလည်း အမြဲလိုလို မလုပ်ကြဖို့ ဆော်သြလေ့ရှိပြီး ပါကစ္စတန်ခိုဟက် မြို့မှာလဲ ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် ပို့စ်ကတ်တွေ၊ ပန်းစည်းလက်ဆောင်တွေ မရောင်းရဘူးလို့ ဆိုင်တွေက အမိန့်ထုတ်ထားခဲ့ ပါတယ်။ မြို့ဟာ ဘာသာရေးခေါင်းဆောင်တွေ အာဏာရထားတဲ့ မြို့လဲ ဖြစ်ပါတယ်။ ချစ်သူများနေ့ ကို ကျင်းပခွင့် မပေးတဲ့ အတွက် ဆန္ဒပြကြသူများလဲ ရှိခဲ့ပါတယ်။