1. Home
  2. International News

Engine ပါဝင်သော စက်ပစ္စည်း ကိရိယာတွေ မသုံးဘဲ ကမ္ဘာကို ပတ်နိုင်ခဲ့သူ

International News ก.พ. 16, 2559 view 1,670

            Engine ပါဝင်သော စက်ပစ္စည်း ကိရိယာတွေ မသုံးဘဲ ကမ္ဘာကို ပတ်နိုင်ခဲ့သူ အင်္ဂလန်နိုင်ငံသား Jason Lewis ဆိုသူဟာ စက်ပစ္စည်း ကိရိယာများကို မသုံးဘဲ လူ့စွမ်းအားကိုသာ အသုံးပြုပြီး ကမ္ဘာကို ပတ်နိုင်ခဲ့တယ်လို့ en.wikipedia.org မှာ ဖော်ပြထားပါတယ်။

            သူဟာ ရေကြောင်းကနေ အဓိကထား ကမ္ဘာကို ပတ်ပြီး ကုန်လမ်း သွားရမယ်ဆိုရင်လည်း လမ်းလျောက်တယ်၊ စက်ဘီးစီးတယ်၊ စကိတ် စီးတယ် အခြားသော မော်တာနဲ့ အသုံးပြု ယာဉ်များကို အသုံးမပြုကြောင်း သိရပါတယ်။ ရေကြောင်း ခရီးနဲ့ ကမ္ဘာပတ်တဲ့ အခါမှာ အလုံပိတ် အပေါ့စား လှေငယ်လေး များကိုအသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် ရေကူးခြင်း လှေလှော်ခြင်းများကို လုပ်ဆောင်ပြီး ပင်လယ်တွေ မြစ်တွေကို ဖြတ်ကျော်နိုင် ခဲ့ပါတယ်။

            အဲဒီလို နည်းလမ်းမျိုးစုံနဲ့ ကမ္ဘာပတ်တဲ့ အခါမှာ ၁၃ နှစ်အကြာမှာ အကုန်ပြီး ဆုံးသွားခဲ့ပြီး မိုင်ပေါင်း ၄၆,၅၀၅ ကို သူဟာ ဖြတ်ကျော် နိုင်ခဲ့ကြောင်း သိရပါတယ်။ Jason Lewis ဟာ စက်တင်ဘာလ ၁၃ ရက် ၁၉၆၇ ခုနှစ် မှာ မွေးဖွားခဲ့ပြီး အခုဆိုရင် အသက် ၄၉ နှစ်ရှိပြီ ဖြစ်ပါတယ်။

Credit ; Yoyarlay



Follow us on