1. Home
  2. International News

သစ္စာ မရှိတဲ့ ချစ်သူ ကောင်မလေးကို Valentine’s day မှာ ပညာပြ ခဲ့တဲ့ ချစ်သူ ကောင်လေး

International News ก.พ. 16, 2559 view 1,639

သစ္စာ မရှိတဲ့ ကောင်မလေးကို Valentine’s day မှာဖြတ်ခဲ့တဲ့ ကောင်လေးရဲ့ ဗီဒီယိုဟာ Youtube ပေါ်တင်ပြီးတဲ့နောက် ကြည့်ရှုသူတွေများလာခဲ့ပါတယ်။ ဗီဒီယိုမှာတော့ ကောင်မလေးဟာ Valentine’s day ဆိုတော့ ချစ်သူက ဘာများ surprise လုပ်မလဲဆိုပြီး ကောင်လေးအိမ်ထဲကို ၀င်လာခဲ့ပါတယ်။ ကောင်လေးဟာ ကောင်မလေးမျက်စိကိုအုပ်ပြီး အပေါ်ထပ်က နှင်းဆီပွင့်ဖတ်တွေ အပြည့်ခင်းထားတဲ့အခန်းထဲကိုခေါ်လာခဲ့ပါ တယ်။

ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းဆိုရင်တော့ ဆင်ရုပ်ကလေးက Valentine’s day card တစ်ခုကို ကိုင်ထားတာဖြစ်ပြီး ကဒ်ပေါ်မှာကတော့ “Valentine’s day sucks” လို့ရေးထားပါတယ်။ ကောင်လေးက ကောင်မလေးကို ဒီကိစ္စနဲ့ပတ်သတ်ပြီးနင်ငါ့ကို စိတ်တော့ဆိုးမယ်ထင်တယ်လို့ ပြောလိုက်ပါတယ်။ ကောင်မလေး မျက်စိအုပ်ထားတာကိုဖယ်လိုက်တဲ့အခါမှာတော့ သူမလက်ထဲမှာ သူမနဲ့အခြားကောင်လေး တစ်ယောက်နဲ့ online dating website မှာ chatting လုပ်ပြီး စကားပြောထားတာတွေကို screenshot လိုက်ထားတဲ့ပုံတွေကို တွေ့လိုက်ရပါတော့တယ်။

အဲ့အချိန်မှာပဲ ကောင်လေးက “သစ္စာမရှိတဲ့မိန်းမ ငါ့အိမ်ထဲကနေ အခုထွက်သွား၊ ဒီကိုတစ်နာရီလောက်ကားမောင်းလာခဲ့ပြီး Valentine’s day မှာနင် သစ္စာမရှိကြောင်းကို ပြနိုင်ခဲ့ပြီး အခုရိုက်ထားတဲ့ ဗီဒီယိုကိုလည်း Youtube မှာတင်မှာ” လို့ပြောခဲ့ပါတယ်။ ကောင်မလေးကတော့ တင်ချင်လည်းတင် ဂရုမစိုက်ဘူးဆိုပြီး အိမ်ထဲကနေထွက်သွားခဲ့ပါတယ်။

အမှန်မှာတော့ ကောင်မလေး Dating website မှာ chatting လုပ်နေတဲ့သူကလည်း သူ့ချစ်သူကောင်လေးပဲဖြစ်ပါတယ်။ ကောင်လေးက သူ့ချစ်သူကောင်မလေး သူ့အပေါ်သစ္စာရှိမရှိ စမ်းသပ်ချင်လို့ account ဖွင့်ကာ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ website မှာစကားသွားပြောတော့ ကောင်မလေးက သူ့ဆီမှာချစ်သူမရှိဘူးလို့ပြောခဲ့ပြီး အဲ့လိုပြောခဲ့တာကိုလည်း ကောင်လေးက screen shot ရိုက်ထားခဲ့ပါတယ်။ ပြီးတော့မှ အဲ့ပုံကို Valentine’s card အဖြစ် print ထုတ်ပြီး ပေးခဲ့တာပါ။

သူတို့ဗီဒီယိုကို Youtube မှာတင်တော့ ကြည့်ရှုသူတွေကလည်း ထင်မြင်ချက်အမျိုးမျိုးပေးခဲ့ပါတယ်။ အချို့ကလည်း ကောင်မလေးကမှားတယ်ပေါ့၊ အချို့ကလည်း ကောင်မလေးကမှားတယ်ထားအုံး ကောင်လေးအနေနဲ့ အခုလိုတော့မတုံ့ပြန်သင့်ဘူးလို့ဆိုပါတယ်။

အချို့ကလည်း ကောင်မလေးက ဖောက်ပြန်မှာပေါ့ ကောင်လေးရဲ့စိတ်ဓာတ်က အခုလိုမရင့်ကျက်ပဲ စိတ်ပုတ်နေလို့ဖြစ်မှာပေါ့ ငါသာဆို အစောကြီးကတည်းက လမ်းခွဲလိုက်ပြီလို့ ရေးထားသူတွေလည်းရှိပါတယ်။ ကဲ.. သင်ရောဘယ်လိုထင်လဲ..။

Source: Mirror Daily



Follow us on