1. Home
  2. International News

ဟန်ဆောင် ဆေးလိပ် သောက်ပြီး မိခင်အချစ်ကို ရယူခဲ့သည့် ထိုင်း ဆယ်ကျော်သက် ဗွီဒီယို ရေပန်းစား (ရုပ်သံ)

International News ก.พ. 17, 2559 view 1,666

ထိုင်းနိုင်ငံမှ ဆီဝဂွန်မောင်ဆ၀ပ် အမည်ရတဲ့ ဆယ်ကျော်သက်တဦးဟာ သူ ဆေးလိပ်သောက်ခြင်းကြောင့် မိခင်က ဘယ်လိုတုံ့ပြန်လိမ့်မလဲဆိုတာကို သိချင်စိတ်နဲ့ ဟန်ဆောင်ပြီး ရုပ်သံဗွီဒီယိုဖိုင် ပြင်ဆင်ရိုက်ကူးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အဲဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့တည်းက ၀င်ရောက်ကြည့်ရှုသူတွေကြား ရေပန်းစားနေခဲ့တာပါ။

ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာ ဆီဝဂွန်ဟာ အိပ်ခန်းတွင်း ဆေးလိပ်သောက်သယောင် ဟန်ဆောင်ပြီး မိခင်အလာကို စောင့်နေခဲ့တာကို တွေ့ရပါတယ်။

မကြာခင်မှာပဲ မိခင်ဟာ သူဆင်တဲ့ ထောင်ချောက်ထဲ ၀င်ခဲ့ပြီး အခန်းထဲဝင်လာချိန်မှာ စီးကရက်ကိုင်ထားတဲ့ သားဖြစ်သူကို တွေ့ခဲ့တာပါ။

အဲဒီအချိန်မှာ မိခင်ဖြစ်သူက ဆီဝဂွန်ကို ဆေးလိပ်အပေါ် သူ့ရဲ့သဘောထားအမြင်နဲ့ ငါးမိနစ်ကြာ မေးခွန်းထုတ် ပြောဆိုခဲ့တာကို တွေ့ရပါတယ်။

ရုပ်သံဗွီဒီယိုဖိုင်ကို ၀င်ရောက်ကြည့်ရှုသူတွေကတော့ ဆီဝဂွန်ရဲ့ မိခင်ဖြစ်သူက ဒေါသမပါဘဲ သားဖြစ်သူကို ဆုံးမပြောဆို သွန်သင်နေတာကို ချီးကျူးခဲ့ကြပြီး အဲဒီရုပ်သံဗွီဒီယိုဖိုင်ကို လူ ၂ သောင်းကျော်လောက် ပြန်လည်မျှဝေခဲ့ကြပါတယ်။

Credit: DVB
မိခင်ဖြစ်သူ ဆုံးမပြောဆိုပြီးချိန်မှာတော့ ဆီဝဂွန်က ဒါဟာ ဟန်ဆောင်ခဲ့တာဖြစ်ကြောင်း မိခင်ကို ပြောပြ တောင်းပန်ခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်အဆုံးမှာ တွေ့ရပါတယ်။



Follow us on