အာဖရိကမှာ ထောင်သောင်းသော ကလေးငယ်များဟာ စုန်း ကဝေ များ ဟု အစွပ်စွဲ ခံရပြီးတော့ အစွန့်ပစ်ခံနေရပါတယ်။ Hope ဆိုတဲ့ ကလေးဟာလဲ နိုင်ဂျီးရီးယား နိုင်ငံက လမ်းတစ်နေရာမှာ အစွန့်ပစ်ခံထားရတဲ့ ကလေးငယ်တစ်ယောက် ဖြစ်ပါတယ်။
အသက် ၁ နှစ်သားကျော်ကတည်းက အစွန့်ပစ်ခံထားခဲ့ရတဲ့ Hope ဟာ အခုဆို အသက်၂ နှစ်ရှိပါပြီ ။ လမ်းမတွေ မှာ 8လ မက လျှောက်သွားနေပြီး လမ်းဘေးမှာ စွန့်ပစ်ထားတဲ့ အစားအစာများကို ကောက်ယူစားသုံးရ ပါတယ်။ အာဖရိကမှ မိဘမဲ့နဲ့ စွန့်ပစ်ကလေးများကို ပြုစု ပျိုးထောင်ပေးတဲ့ ကျောင်း တည်ထောင်ထားသော ဒိန်းမတ်နိုင်ငံသူ အမျိုးသမီး Anja Ringgren Loven ဟာ Hope ကို တွေ့ ပြီး ခေါ်ယူကယ်ဆယ်ခဲ့ ပါတယ်။
ဆေးရုံပေါ်ကို ပွေ့ချီသွားပြီး ကုသပေးပါတယ်။ တစ်ကိုယ်လုံး ဒဏ်ရာများ ရှိနေပြီး အစာ မလုံလောက်မှုကြောင့် ကိုယ်ခန္ဓာ ချို့တဲ့မှုများလည်း ကြုံတွေ့နေရ ပါတယ်။ Hope အတွက် အလှူငွေ တောင်းခံခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ စုစုပေါင် အမေရိကန်ဒေါ်လာ ၁ သန်းကျော် လှူဒါန်းခဲ့ ပါတယ်။ လှူဒါန်းမှုမှ ရရှိတဲ့ ငွေကို Hope အတွက်အသုံးပြုရုံသာ မက အခြား သူ့လိုပဲ အစွန့်ပစ်ခံရတဲ့ ကလေးများကို ကယ်ဆယ်ပြီး အသုံးပြုသွားမှာ ဖြစ်ကြောင်း Loven မှ ပြော ပါတယ်။
သာမာန် ကလေးတစ်ဦးဆိုရင် သေဆုံးနိုင်ပေမယ့် Hope ဟာ အင်မတန် သန်မာ သန်စွမ်းတာကြောင့် အသက်ရှင်နေသေးတာ ဖြစ်ပါတယ်။ Loven တို့ရဲ့ သားနဲ့ Hope ဟာ လဲ သူငယ်ချင်းတွေ ဖြစ်နေကြပါပြီ ။