1. Home
  2. International News

ရမ်သောက်ပြီး လွတ်သွားတဲ့ မျောက် ဘားထဲတွင် ဓားကိုင်ရမ်းကား (ရုပ်သံ)

International News ก.พ. 19, 2559 view 1,615

ဘရာဇီးနိုင်ငံမှာ ရမ်အရက် တစ်ဖန်ခွက်သောက်ပြီး မူးနေတဲ့ မျောက်တစ်ကောင်ဟာ မီးဖိုချောင်သုံးဓားကိုင်ပြီး ရမ်းကားနေတဲ့အတွက် သူ့ကို ဖယ်ရှားပေးဖို့အတွက် မီးသတ်သမားတွေကို ခေါ်ယူခဲ့ရပါတယ်။

ဖေဖော်ဝါရီ 5 ရက်နေ့က မီးဖိုချောင်သုံးဓားကို ကိုင်ပြီး လူတွေကိုလိုက်လံ ခြောက်လှန့်နေတဲ့ ရန်လိုနေတဲ့ မျောက်တစ်ကောင် ကြောင့် Patos မှာရှိတဲ့   ဒေသတွင်းမီးသတ်ဌာနတစ်ခုဖြစ်တဲ့ Paraiba မီးသတ်ဌာနကို  ဘားကိုလာဖို့ အကူအညီတောင်းခံခဲ့ရပါတယ်။

မီးသတ်ဌာန ဒုဗိုလ်မှူးကြီး ဆော လော်ရင်တီနိုရဲ့ ပြောကြားချက်အရ ရမ်တစ်ခွက်သောက်ပြီး မူးယစ်သွားတဲ့ မျောက်ဟာဓားကိုင်ပြီးယောက်ျားတွေနောက်လိုက်လံခြောက်လှန့်နေပေမယ့်လည်း မိန်းမတွေကိုတော့ ချမ်းသာပေးထားတယ်လို့ ဆိုပါတယ်။မျောက်က ရမ်အရက်ကို သောက်သုံးပြီး ဓားကို ဆွဲယူလိုက်တာကို ဘားဧည့်ကြိုက သတိမထားမိလိုက်ဘူးလို့ လော်ရင်တီနိုငက aRede ၀ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။ဒေသခံများက ရိုက်ယူထားတဲ့ဗွီဒီယိုမှာတော့ မျောက်က ဘားအမိုးကို မီးဖိုချောင်သုံးဓားနဲ့ လျှောက်ခြစ်နေတဲ့ပုံကို မြင်ကြရပါတယ်။

မီးသတ်သမားတွေကထိုမျောက်ကိုဖမ်းဆီးခဲ့ပြီးမှ တောထဲကိုပြန်လွှတ်ပေးခဲ့ပေမဲ့ ဒီပြဿနာရှာတဲ့ မျောက်က သစ်တောအနီး နေအိမ်တွေက လူတွေကို ဒုတိယအကြိမ် ရန်လိုတဲ့ အပြုအမူတွေ ထပ်လုပ်ခဲ့တာကြောင့် ထပ်မံ ဖမ်းဆီးခဲ့ရပါသေးတယ်။အခုတော့ ဒီအရက်သမားမျောက်ကို ပြန်လွှတ်ပေးရမလား၊ အမြဲတမ်းပဲ ဖမ်းဆီးထိန်းသိမ်းထားရမလားဆိုတာကို ဒေသအာဏာပိုင်တွေ ခေါင်းစားနေကြပါတယ်။



Follow us on