1. Home
  2. International News

အသက် ၅၀ ရှိနေပြီ ဖြစ်တဲ့ “ချန်လင် ” နုပျို လှပစွာ နေထိုင်ခြင်း လျို့ဝှက်ချက်

International News ก.พ. 19, 2559 view 1,761

            တရုတ်ပြည် မှာဟိုးလေးတစ်ကြော်ဖြစ်နေတဲ့ သတင်းလို့ ဆိုရမှာပါ အသက် ၅၀ ရှိပြီဖြစ်ပေမဲ့ လှတုန်းချောတုန်းရှိနေသေးတဲ့ အမျိုးသမီး တစ်ယောက် ရဲ့ ပုံတွေ ဟာအင်တာနက်မှာ ပျံ့ပွား နေပြီး အပျိုမလေးတွေ တောင်ရှက်သွားလောက်အောင် လှပကျော့ ရှင်းနေပါတော့ တယ်.............

           တရုတ် ဆိုရှယ်မီဒီယာသတင်းငှာနတွေ ရဲ့ ဖော်ပြ ထားချက်အရ သူမ နာမည် ကတော့ “ ချန်လင် ” ဖြစ်ပြီး တစ်ခုလပ် မတစ်ယောက်ဖြစ် ပါတယ် သားသမီး နှစ်ယောက် နဲ့ မြေးတစ်ယောက်ရှိနေပါတယ် တဲ့ ..............

           အသက် ၅၀ ရှိနေပြီ ဖြစ်တဲ့ “ချန်လင် ” ပြောပြတဲ့ ခုလို နုပျို လှပစေနေ နိုင်တဲ့ လျို့ ဝှက်ချက်ကတော့ တစ်ပတ် ကို အနည်းဆုံးတစ်ကြိမ် “ ကိုယ်တုံးလုံးနဲ့ အိပ်စက် ပါတယ် ဒီအပြင် သဘာဝ ရေ ပူစမ်းမှာ ပုံမှန်ရေ ချိုး ပေး ပါတယ် ဒီအပြင် အိမ်တွင်းမှာ အလွယ်တကူရ နိုင်တဲ့ ကုန်ကြမ်းတွေ ဖြစ်တဲ့ နို့ ချည် ၊ သခွားသီး ၊ပျားရည် ၊ နဲ့ ပုလဲမှုန့် စတာတွေ နဲ့ အသားအရေ ကို ထိန်းသိမ်းခြင်းကြောင့်ပဲ ဖြစ်ပါတယ် တဲ့ သူမပြောပြ တာ ခုလို အရွယ်တင်လှပနေစေဖို့ သူမ ပိုက်ဆံတွေ အမြောက်အများအကုန်ကျမခံ ခဲ့ ရဖူးပါဘူးတဲ့ ........... 

           ဒီလို အဖွားကြီးဖြစ်နေ ပေမဲ့ သူမရဲ့ သားအရွယ် ကောင်လေးတွေ ရဲ့ ပိုးပန်းခြင်းကို မကြာခဏ ကြုံတွေ့ ရ တယ် လို့ ဆိုပါတယ် ဒါပေမဲ့ သူမ ကဘယ်သူ့ကိုမှ စိတ်မဝင်စားခဲ့ပါဘူးတဲ့ သူမအနေ နဲ့ သူမထက် အသက်ကြီးပြီးသူမကို ဂရု စိုက် ပေးနိုင်မဲ့ သူကိုပဲ ဘဝ လက်တွဲ ဖော်အဖြစ်ရွေးချယ် ချင်တာပါ တဲ့ ပြောပါတယ်။

Credit ; Movie Myanmar



Follow us on