1. Home
  2. International News

အသစ် ထပ်ထွက်မယ့် ဟယ်ရီပေါ်တာ

International News ก.พ. 22, 2559 view 1,641

အသစ် ထပ်ထွက်မယ့် ဟယ်ရီပေါ်တာ

                       ဟယ်ရီပေါ်တာ ပရိတ်သတ်ကြီးတွေ အတွက် စာအုပ်သစ်ကတော့ ဇူလိုင်လမှာ ထွက်ရှိ တော့မှာပါ။ Harry Potter and the Cursed Child ဆိုတဲ့စာအုပ်ကတော့ နောက်ဆုံးစာအုပ်မှာပါခဲ့တဲ့အခန်း ရဲ့ ၁၉ နှစ်အကြာနေရာကနေ စထားတယ်လို့ သိရပါတယ်။ JK Rowling ,Jack Thorne နဲ့ John Tiffany တို့ဖန်တီးထားတဲ့ ဒီဇာတ်လမ်းတွဲအသစ်မှာတော့ London အနောက်ပိုင်းနွေရာသီတစ်ခုနဲ့စတင်ထားပါတယ်။

                    ဒီစာအုပ်ဟာ ၈အုပ်မြောက်လည်းဖြစ်ပြီး ပုံနှိပ်ထုတ် ဝေမှုနဲ့ Digital Versionများကို နွေရာသီမှာ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ “Harry Potter And The Cursed Child” အတွက် ကျွန်မအရမ်းစိတ်လှုပ်ရှားနေပါတယ်။” လို့လည်း JK Rowling က ဆိုခဲ့ပါတယ်။ ဒီဟယ်ရီပေါ်တာ ဇာတ်လမ်းတွေတွေရပ်သွားပြီလို့ ကြေငြာခဲ့တုန်းက ငိုခဲ့တဲ့ ပရိတ်သတ်တွေတောင် ရှိခဲ့တယ်လို့ ကြားဖူးပါတယ်။ အခုတော့ ဟယ်ရီပေါ်တာ ပရိတ်သတ်တွေ ပြန်လည် ဝမ်းသာရပြီလို့ ဆိုနိုင်ပါတယ် ။



Follow us on