1. Home
  2. International News

Facebook ပဲသုံးနေလို့ ဝန်တိုတတ်တဲ့ ချစ်က ဓါးနဲ့ထိုးလိုက်တဲ့ အမှု

International News ก.พ. 25, 2559 view 1,604

ချစ်သူက ဖေ့စ်ဘွတ်ပဲ သုံးနေပြီး အခြား အမျိုးသမီးတွေကို ကျူနေတယ်လို့ သံသယဝင်တဲ့ အမျိုးသမီးက သူမရဲ့ ချစ်သူကို ဓားနဲ့ ထိုးသတ်လိုက်ပါတယ်။ ဓားဟာ ရင်ဘတ်ကို ထိုးလိုက်တာ ဖြစ်ပေမယ့် နှလုံးတည့်တည့်ကို စိုက်ဝင်သွားတာကြောင့် သူမရဲ့ ချစ်သူက သေဆုံး သွားခဲ့ရပါတယ်။

တယ်ရီမာရီ ပယ်လ်မာဆိုသူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးဟာ သူမရဲ့ ချစ်သူ အသက် ၂၄ နှစ်ရှိ ဒေမွန် ဆီရာဆန်ကို သဝန်တိုစိတ်နဲ့ သတ်လိုက်မိတာဖြစ်ပါတယ်။ ပယ်လ်မာဟာ ဆံပင်ပင်ညှပ်လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပြီး သူမရဲ့ချစ်သူက ဖေ့စ်ဘွတ်ကိုပဲ တစ်ချိန်လုံးသုံးနေတာကြောင့် အခြားအမျိုးသမီးတွေနဲ့ ပတ်သက်နေတယ်လို့ ယူဆခဲ့တာပါ။ ဒေမွန်ကို ဓားနဲ့ထိုးပြီးပြီးချင်းမှာ သူမက မတော်တဆဖြစ်သယောင်နဲ့ အရေးပေါ်ဖုန်းနံပတ်ကို ဆက်သွယ်ခဲ့ပါတယ်။

သူမရဲ့လိမ်လည်မှုက အရာမထင်ခဲ့ပါဘူး။ ဒေမွန်ကိုသတ်မှုကို စစ်ဆေးဖော်ထုတ်ပြီးတဲ့နောက်မှာ ပြစ်မှုထင်ရှားတာကြောင့် ပရက်စတန် ခရောင်းတရားရုံးက သူမကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတော့တယ်။
 

Credit: Daily Mail



Follow us on