1. Home
  2. International News

မွေးစား သမီးဖြစ်သူကို ကြက်ခြံထဲ ထည့်ပြီး လျှပ်စစ်လည်ပတ်နဲ့ ဓာတ်လိုက်စေခဲ့သူ ထောင်ဒဏ် 190 နှစ်ကျ

International News ก.พ. 25, 2559 view 1,546

Diana Franklin ဆိုသူ အမျိုးသမီးဟာ မွေးစားသမီးကို သစ်ပင်မှာ ချည်ပြီး ၆နှစ်ကြာ နှိပ်စက်ခဲ့သူလည်း ဖြစ်ပါတယ်။

သူမဟာ ကလေးကို နှိပ်စက်မှု၁၉ ကြိမ်၊ သူတစ်ပါး  သွေးထွက်သံယိုဖြစ်အာင် အကြမ်းဖက်မှုတစ်ကြိမ်၊ တို့ဖြင့် စွဲချက် တင်ခံခဲ့ရပါတယ်။  Franklin(၄၈နှစ်)ဟာ၂၀၀၇ခုနှစ် က ၁၀နှစ်အရွယ် ကောင်မလေး တစ်ယောက်ကို မွေးစားခဲ့တာဖြစ်ပါတယ်။



လူမှုကူညီရေး အဖွဲ့တွေက ထိုကလေးကို ၂၀၁၂ ခုနှစ်မှာ Franklinဆီကနေ ပြန်လည် ခေါ်ဆောင်သွားခဲ့ပါတယ်။ အခုတော့ အသက်၁၈နှစ်အရွယ်ရှိနေခဲ့ပြီး တရားရုံးမှာလည်း အမှုရင်ဆိုင်တဲ့နေက တက်ရောက်ခဲ့ပါတယ်။

Franklin ဟာ ကောင်မလေးကို အစားအသောက်နဲ့ရေ လုံးဝမပေးပဲ သော့ခတ်ထားခဲ့တာပါ။ တစ်ခါတစ်လေ အဝတ်အစားတောင် မပေးပါဘူး။ တစ်ခါတုန်းက ဆိုရင် ကောင်မလေးရဲ့ ခေါင်းကို သေနတ်နဲ့ထောက်ပြီး သက်ပစ်မယ်လို့တောင်ခြိမ်းခြောက် ခဲ့ပါတယ်။  

Franklin ရဲ့ မှတ်တမ်းစာအုပ်ထဲမှာတော့ သူမဟာ သူမအတွက် ပြီးပြည့်စုံတဲ့ ကောင်မလေးတစ်ယောက်ကို ထောင်ထဲမှာ ထည့်ထားနိုင်ခဲ့ပြီ လို့ရေးထားပါတယ်။တစ်ခါတစ်လေမှာတော့ တစ်နေ့ကို အာလူးကြော်သုံးပြား ကျွေးတယ်လို့ သိရပါတယ်။ ရှေ့နေတစ်ယောက်ဖြစ်တဲ့ Wayne Jernigan ဟာ Franklin တစ်ယောက် တရားခွင်ထဲမှာ ဟန်ဆောင်ပြီး ခံစားချက်မပါပဲ ငိုကြွေးတာကိုလည်း တရားသူကြီးတွေကို ထောက်ပြခဲ့ပါတယ်။ တရားသူကြီးတွေ အနေနဲ့လည်း ဒီအမှုကို စီရင်ဖို့ ၂ပတ်အချိန်ယူခဲ့ရပါတယ်။

credit : shwemom



Follow us on