1. Home
  2. International News

မှုးယစ် ဆေးဝါး ကြောင့် တစ်ရွာလုံးမှာ ရှိတဲ့ ယောက်ျားတွေ အားလုံးကို သေဒဏ်ပေးခဲ့ အီရန်ရွာ

International News ก.พ. 29, 2559 view 1,548

မူးယစ်ဆေးဝါးအမှုနဲ့ အီရန်ရွာတစ်ရွာက အမျိုးသားအားလုံး ကွက်မျက်ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောကြားလိုက်ပါတယ်။ အီရန်နိုင်ငံ မိသားစုနဲ့အမျိုသမီးအရေးဆိုင်ရာ အဖွဲ့ရဲ့ဒုဥက္ကဌ Shahindokht Molaverdi က နိုင်ငံသတင်းအေဂျင်စီ Mehr ကို အခုပတ်အစောပိုင်းက ပြောကြားထားတာဖြစ်ပါတယ်။

စစ္စတန်နဲ့ဘလူချစ်စတန်ပြည်နယ်က ရွာတစ်ရွာမှာ အမျိုးသားအားလုံးကွက်မျက်ခံခဲ့ရပြီး သူတို့ဟာ မူးယစ်ကုန်ကူးသူတွေ ဖြစ်နိုင်တယ်လို့ သူမက ပြောကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါရွာက အမျိုးသားတွေအားလုံးကို တစ်ပြိုင်နက်တည်း ကွက်မျက်ခဲ့တာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

အီရန်ဟာ ကမ္ဘာမှာ ဒုတိယသေဒဏ်ပေးမှု အများဆုံးနိုင်ငံဖြစ်ပြီး သေဒဏ်ပေးမှုအားလုံးရဲ့ သုံးပုံနှစ်ပုံခန့်ဟာ မူးယစ်ဆေးဝါးမှုတွေနဲ့ပက်သက်ပါတယ်။
 



Follow us on