1. Home
  2. International News

တရုတ်နိုင်ငံမှ အမျိုးသမီး ပေါ့ပ် အဆိုတော် တစ်ဦး ကိုယ့်ကိုယ်ကိုယ် မတော်တဆ မီးနဲ့ရှို့မိခဲ့

International News มี.ค. 03, 2559 view 1,687

တရုတ်အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ SNH48 မှ အဖွဲ့ဝင်ဖြစ်သူ တန်အန်ကွီဟာ အင်္ဂနေ့ (မတ်လ ၁ ရက်) ည ၈ နာရီဝန်းကျင်က ရှန်ဟိုင်းမြို့ရှိ ဘိုအာရှန်းဝမ်ဒါ ကော်ဖီဆိုင်မှာ သူမရဲ့ သူငယ်ချင်းနဲ့ စကားများရာကနေ သူမကိုယ်ကိုယ် မီးခြစ်ဖြင့် မတော်တဆ မီးရှို့မိခဲ့တာလို့ ဆိုပါတယ်။

အသက် ၂၃ နှစ်အရွယ် ပေါ့ပ်အဆိုတော် တန်အန်ကွီဟာ ခန္ဓာကိုယ်ရဲ့ ၈၀ ရာခိုင်နှုန်း မီးလောင်ကျွမ်းခံရပြီး အရေးပေါ် ကြပ်မတ်ကုသခန်းမှာ ကုသမှု ခံယူနေရပါတယ်။

မတော်တဆမှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။ ဓာတ်ပုံတစ်ပုံအရ တန်အန်ကွီဟာ ခန္ဓာကိုယ်တစ်ခုလုံးနီးပါး မီးလောင်ကျွမ်းနေရင်း ကော်ဖီဆိုင်ရဲ့ အောက်ထပ်ကို အော်ဟစ်ပြေးဆင်းလာတာ တွေ့ရပါတယ်။

တန်အန်ကွီနဲ့ သူမရဲ့ သူငယ်ချင်းတစ်ဦးတို့ဟာ ည ၇ နာရီဝန်းကျင်မှာ ကော်ဖီဆိုင်ကို ရောက်လာခဲ့ပြီး ဒုတိယထပ်မှာ ထိုင်ခဲ့ကြကြောင်း ကော်ဖီဆိုင်မန်နေဂျာက ပြောပါတယ်။

တန်အန်ကွီဟာ ပုံမှန် အခြေအနေ မဟုတ်ဘဲ စိတ်ဆိုး ဒေါသထွက်နေပုံရပြီး ဆိုင်ဝန်ထမ်းကိုလည်း ကြမ်းတမ်းစွာ ပြောဆိုဆက်ဆံခဲ့တယ်လို့ ဆိုပါတယ်။

တန်အန်ကွီက SNH48 တရုတ် အမျိုးသမီး ပေါ့ပ်အဆိုတော်အဖွဲ့ကို အခြား ကျောင်းသူနှစ်ဦးနဲ့အတူ ၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

SNH48 ပေါ့ပ်အဆိုတော်အဖွဲ့ဟာ တရုတ်နိုင်ငံမှာ ပရိသတ် အခိုင်အမာရထားတဲ့ ဂီတအဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
 



Follow us on