1. Home
  2. International News

စကေး ၇.၉ ရှိ ငလျင်လှုပ်ခပ်မှုကြောင့် မြန်မာ့ကမ်းရိုးတန်း ဒေသများသို့ ဆူနာမလှိုင်းများ ဝင်ရောက်နိုင်

International News มี.ค. 03, 2559 view 1,611

ဆူမတြားကမ်းလွန်တွင် ငလျှင် လှုပ်မှု ကြောင့် ဆူနာမီလှိုင်းဖြစ်ပေါ်ပါက မြန်မာ့ကမ်းရိုးတန်းသို့ နောက်ထပ် ၅ နာရီမှ ၈ နာရီအကြား ဆူနာမီလှိုင်းများ ရောက်ရှိနိုင်ကြောင်း သတိပေးချက်များထုတ်ပြန်ထားပါတယ် ။

ရန်ကုန်၊ မတ် ၂ ၊ ၂၀၁၆တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဒေသစံတော်ချိန် ၆နာရီ ၄၉မိနစ် ၄၈ စက္ကန့် (မြန်မာစံတော်ချိန် ၇နာရီ ၁၉မိနစ် ၄၈စက္ကန့်)အနောက်ဖက်၊ ဆူမတြားကမ်းလွန်မှ ပမာဏ ၇ ဒသမ ၉ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဆူနာမီ ဖြစ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အကယ်၍ ဆူနာမီလှိုင်းများ ထွက်ခဲ့လျှင် မြန်မာကမ်းရိုးတမ်းများသို့ နောက်ထပ် ၅နာရီမှ ၈နာရီအကြား ရောက်ရှိလာနိုင်ပါတယ်။ တနင်္သာရီ၊ ဧရာဝတီနှင့် ရခိုင် ကမ်းရိုးတမ်းရှိ လှေများ၊ ကမ်း ခြေနေထိုင်သူများ သတိရှိကြရန် မြန်မာနိုင်ငံ ငလျှင်ကော်မတီက သူရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကနေ တရားဝင် သတင်းထုတ်ပြန်ပါတယ်။
 



Follow us on