1. Home
  2. International News

ခွဲစိပ်မှု လုပ်နိုင် တော့မယ့် ဘင်္ဂလားဒေ့ရှ်က သစ်ပင်လူသား

International News มี.ค. 03, 2559 view 1,569

ခွဲစိပ်မှု လုပ်နိုင် တော့မယ့် ဘင်္ဂလားဒေ့ရှ်က သစ်ပင်လူသား အစိုးရရဲ့ ထောက်ပံ့မှုနဲ့ ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့်ရှ်နိုင်ငံရဲ့ တောင်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ Khulna ပြည်နယ်သားတစ်ယောက်ဖြစ်တဲ့ အသက် 26 နှစ်အရွယ် Abul Bajandar ဟာ အလွန်ထူးဆန်းတဲ့ ကြွက်နို့ရောဂါကြောင့် သူရဲ့ လက်၊  ခြေတွေကနေ သစ်ပင်ရဲ့အခေါက်နဲ့ဆင်တဲ့ မြစ်ပွားတွေထွက်ပေါ်လာမှုဟာ (11) ပေါင် အလေးချိန် လောက်ထိ ရှိနေပြီ ဖြစ်ပါတယ်။ သူ့ကို သစ် င်လူသားလို့ ခေါ်ကြပြီး အခုချိန်မှာတော့ အဲဒီ မြစ်ပွားနာတွေကို ခွဲစိပ်ဖယ်ထုတ်ဖို့အတွက် Dhaka Medical College Hospital ကို တက်ရောက်ကုသမှု ခံယူနေပြီ ဖြစ်ပါတယ်။

ဒေါက်တာတွေဟာ စမ်းသပ်စစ်ဆေးမှုတွေ အမျိုးမျိုး ပြုလုပ်ပြီးတဲ့အခါမှာတော့ Bajandar ကို တစ်နှစ်မှာ ခွဲစိပ်မှု အနည်းဆုံး (15)ကြိမ်အထိ လုပ်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ဒေါက်တာ Samanta Lal Sen က “ ကျွန်တော်တို့ သူ့ရဲ့ ထန်ပင်အရွက်တွေလို ဖွာထွက်နေတဲ့ အစိတ်အပိုင်းတစ်ချို့ကို ဖယ်ထုတ်ပြီးပါပြီ … ဒါပေမယ့် Bajandar ဟာ သူ့ခန္ဓာကိုယ်ကနေ ကြီးထွားလာနေ တဲ့ ဒီကြွက်နို့တွေကို ဖယ်ရှားဖို့ တစ်နှစ်မှာ ခွဲစိပ်မှုအနည်းဆုံး (15)ကြိမ်လောက် လုပ်ဖို့ လိုအပ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ကာယကံရှင် Bajandar ရဲ့ ဆန္ဒကလည်း ခွဲစိပ်မှုလုပ်ပြီး သူ့ရဲ့ လက်နဲ့ခြေကို ဖုံးအုပ်ဝါးမျိုထားပြီဖြစ်တဲ့ ဒီရောဂါဆိုးကြီးကို အပြီးတိုင် ဖယ်ရှားလိုပြီး သူရဲ့ နဂိုဘ၀ကို ပြန်ရောက်ချင် လှပါပြီလို့ ဆိုပါတယ်။

Bajandar က “ ဒီ ခွဲစိပ်မှုဟာ ကျွန်တော့်ကို မျှော်လင့်ချက်တွေ ပေးခဲ့ပါတယ် … ကျွန်တော် ရွာကို ကျွန်တော့်ခြေထောက်၊ ကျွန်တော့်လက်တွေက ရောဂါတွေ အရှင်းမပျောက်ကင်းဘဲနဲက မပြန်ချင်ဘူးဗျာ … ကျွန်တော့်ရဲ့ မူလဘ၀ကို ပြန်လိုချင်လှပါပြီ ”လို့ ပြောဆိုခဲ့ပါတယ်။ Bajandar ဟာ ဒီရောဂါဆိုးကို ခံစားနေခဲ့ရတာ ဆယ်စုနှစ်ဝန်းကျင်တစ်ခုအထိ ရှိခဲ့ပြီး ရောဂါအခြေအနေကလည်း “သစ်ပင်လူသား” လို့ အခေါ်ခံရတဲ့အထိ ပိုမိုဆိုးဝါးလာခဲ့ပါတယ်။

သူဟာ ဒီရောဂါကြောင့် လန်ချားဆွဲတဲ့ အလုပ်မှ ထွက်ခဲ့ရပါတယ်။ ဒါပေမယ့် သူရဲ့ ရောဂါကြောင့် သူဟာ ကျော်ကြားခဲ့ပြီး သူ့ကိုကြည့်ဖို့အတွက် ရွာကို လာတဲ့ဧည်သည့်တွေကလည်း တစ်နှစ်တစ်နှစ်ကို မနည်းဘူးလို့ ဆိုပါတယ်။ အခု သူ ဆေးရုံတက်နေရတဲ့ အချိန်မှာတောင် သူ့ကို မြင်ဖူးဖို့ ဆေးရုံကို လာလည်တဲ့သူတွေလည်း မနည်းဘူးလို့ သိရပါတယ်။

Bajandar ကို ဒီရောဂါဆိုးကို ခွဲစိပ်ဖယ်ရှားဖို့ နောက်ဆုံး စမ်းသပ်မှုတွေ လုပ်နေပြီး ဒီ ဆိုးဝါးတဲ့ ကြွက်နို့ရောဂါဟာ ကင်ဆာမဟုတ်ဖူးဆိုတဲ့ အဖြေကလည်း သူ့အတွက် စိတ်သက်သာရာ ရစေပါတယ်။ သူဟာ ခွဲစိပ်မှုအတွက်လည်း စိတ်အားထက်သန်နေပြီး ဘင်္ဂလာဒေ့ရှ်  အစိုးရကလည်း ဆေးကုသမှုကုန်ကျစာရိတ်မှန်သမျှကို ကျခံစိုက်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။



Follow us on