တော်တော်အသည်းယားစရာကောင်းတဲ့ အနှိပ်ခန်းဖြစ်ပါလိမ့်မယ်။ မြွေတွေဟာ သင့်ရဲ့ လည်ပင်း ၊ ပုခုံးနဲ့ မျက်နှာတွေပေါ်မှာ တွားသွားနေမှာဖြစ်ပြီး လန့်တတ်တဲ့သူတွေအဖို့ တော့ အနှိပ်ခံဖို့ မဖြစ်နိုင်ပါဘူး။ မြွေတွေနဲ့ နှိပ်ခြင်းဟာ ကြွက်သားနာကျင်မှု၊ အကြောတက် ကိုက်ခဲစတဲ့ ရောဂါအမျိုးမျိုးကို အမြန်ဆုံးသက်သာ ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။
ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၈၀ ၀န်းကျင်ကျသင့်မှာ ဖြစ်ပါတယ်။
လွန်ခဲ့သော နှစ်ပေါင်း အနည်းငယ်ခန့်က ဘဲရက် ဆိုသူမှာ အချို့သောမြွေများက လူ့ကြွက်သားများကို အကြောပြေစေနိုင်တာကို သိရှိခဲ့တာဖြစ်ပြီး ဒီလို မြွေအနှိပ်ခန်းကို စတင်ဖို့ စိတ်ကူးရရှိခဲ့တာပဲဖြစ်ပါတယ် ။ မြွေအရွယ်အစားအလိုက် အနှိပ်ခံလိုတဲ့ ပုံစံကို ပြောင်းလဲနိုင်ပါတယ် ။ သူမအသုံးပြုတဲ့ မြွေတွေ အားလုံးကတော့ အဆိပ်လုံးဝ မရှိတဲ့ မြွေအမျိုးအစားတွေကိုပဲ အသုံးပြုတာဖြစ်ပါတယ် ။