1. Home
  2. International News

ဆိုးလ်မြို့ မြေအောက် ရထားများ ထဲတွင် ဆန်းသစ်သော ပုံစံများ ပြောင်းလဲ

International News มี.ค. 04, 2559 view 1,570

ဆိုးလ်မြို့အစိုးရအဖွဲ့၏ Facebook အကောင့်တွင် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကထုတ်ပြန်ခဲ့သော သတင်းအရ ဆိုးလ်မြို့၏ အချို့သောမြေအောက်ရထားတွဲများကို အလွန်ခမ်းနားသော ပြောင်း လဲမှုများပြုလုပ်ခဲ့သည်။

မြေအောက်ရထား စီးနင်းလိုက်ပါသော ခရီးသည်များ သည် ကမ္ဘာတစ်ဝှမ်း ခရီးသွားလာနေရသည့် အလား ထင်မှတ်ရသည်။ ဆိုးလ်မြို့မြေအောက်ရထားလိုင်း ၇ အတွင်းရှိ အချို့သော အစိတ်အပိုင်းများတွင် ဖန်တီးမှု အပြင်အဆင်များပြုလုပ် ထားပါသည်။

ရထားတွဲတိုင်းတွင် မတူညီသောနိုင်ငံ ၊  မတူညီသောမြို့များ အားကိုယ်စားပြုသော မြင်ကွင်းပုံစံများ အားလုံး ရှိသည်။ လာအို၊ ဆစ်ဒနီ၊ မကာအို၊ချက်သမ္မတနိုင်ငံ၊ ဂျပန်နှင့်အခြားနေရာများလည်းပါဝင်သည်။ စီးနင်းလိုက်ပါသူ ခရီးသည်များအား မတူညီသောတိုင်းတပါး နိုင်ငံများနှင့် ပတ်ဝန်းကျင်များထဲ တွင်နစ်မျောစေကာ စိတ်ဝင်စား စရာများ အဆက်မပြတ် ဖြစ်ပေါ်လာ စေပါတယ် ။

ပြင်ဆင်ထားတဲ့  ရထားတွဲများကို နေ့စဉ် ၅ ခေါက် မှ၆ခေါက်အထိ သယ်ယူပို့ဆောင်ပေးမှာဖြစ်ပြီး  ဒီဇိုင်းပုံစံများကို  ၃ လတစ်ခါပြောင်း လဲမှာဖြစ်တယ်လို့လဲ သိရပါတယ်။  



china.com



Follow us on