1. Home
  2. International News

၎နှစ်အရွယ်ကလေးလေးကို ခေါင်းဖြတ်သတ်ခဲ့သူ

International News มี.ค. 07, 2559 view 1,550

ဝက်ရူးပြန်ရောဂါ ခံစားနေရတဲ့ ကလေးငယ်လေးကို သတ်ခဲ့တဲ့ တရားခံကလေးထိန်းက အချုပ်ခန်းထဲမှာ မီဒီယာတွေရဲ့ ဓာတ်ပုံရိုက်မှုကို သွေးအေးအေးနဲ့ ပြုံးပြီး ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ သူမဟာ သူမ အုပ်ထိန်း နေရတဲ့ အသက်(4)နှစ်အရွယ် မိန်ကလေးရဲ့ ခေါင်းကို ရက်ရက်စက်စက် ဖြတ်ပစ်ပြီး သတ်ခဲ့တာဖြစ်လို့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။ အဆိုပါ တရားခံ အမျိုးသမီးရဲ့အမည်မှာ Gyulchekhra Bobokulova ဖြစ်ပြီး အသက်(38)နှစ် ရှိပြီ ဖြစ်ပါ တယ်။ သူမဟာ မော်စကိုမြို့ မြေအောက်ဘူတာတစ်ခုမှာ 4 နှစ်အရွယ် Nastya Meshcheryakova ရဲ့ ဦးခေါင်းကို မညှာမတာဖြတ်ခဲ့ပြီး အဆိုပါကလေးမှာ ဒဏ်ရာဒဏ်ချက်များစွာနဲ့ သေဆုံးခဲ့ရပါတယ်။ Bobokulova ကို အချုပ်ခန်းကနေ ထုတ်လာတဲ့အခါမှာ သူမမျက်နှာက ပြုံးရွှင်နေပါတယ်။ ဒါဟာ သူမရဲ့ စိတ်ကစဥ့်ကလျှားဖြစ်မှုကို ဖော်ပြလိုက်တာဖြစ်ပြီး သူမမှာ ရူးကြောင်ကြောင် ချစ်သူတစ်ယောက်ရှိနေ ခဲ့ခြင်းကလည်း ဒီကလေးငယ်ကို သတ်ဖြတ်မှုနဲ့ ဆက်စပ်နိုင်တယ်လို့ ကောက်ချက်ချမှုတွေလည်း ရှိနေ ပါတယ်။ ဒီကလေးကို သတ်ဖြတ်ခဲ့ခြင်းအတွက် အပြစ်ကို လက်ခံမလား-ဆိုတဲ့ မေးခွန်းကို သူမက ပြုံးပြုံးလေးနဲ့ “ ဟုတ်ကဲ့ ” လို့ ဖြေခဲ့ပါတယ်။ သူမဟာ သံတိုင်ကြားမှာ ရဲတပ်ဖွဲ့က ခေါင်းမပါတော့တဲ့ ကလေးငယ်ရဲ့ အလောင်းကို ပြပြီးတဲ့နောက်ပိုင်းမှာ စိတ်ကစင့်ကလျှားဖြစ်နေတဲ့ပုံစံကို သိသိသာသာ သတိထားမိခဲ့ ကြပါတယ်။ Bobokulova ကို ရုရှမီဒီယာတွေက “သွေးစွန်း နာနီ(ကလေးထိန်း)” လို့ ရေးသားခဲ့ကြပါ တယ်။

 

သူမရဲ့ ဇာတိရင်းကလည်း မူစလင်နိုင်ငံဖြစ်တဲ့ ဥဇဘက်ကစ္စတန်နိုင်ငံ ဖြစ်ပါတယ်။ သူမဟာ ဂျာနယ်လစ်များကို ပြောခဲ့တဲ့ စကားကတော့ “ အလ္လာအရှင်မြတ်ရဲ့ အမိန့်တော်ကြောင့် ဒီလို ဖြစ်ခဲ့ရတာပါ ” လို့ ပြောခဲ့ပါတယ်။ ဂျာနယ်လစ်တွေက တကယ်လို့ ကလေးတွေရဲ့ မိဘတွေက ထပ်တူ ပေးဆပ်မှ ကျေနပ်မယ်ဆိုရင် ဘာကို တောင်းဆိုချင်သလဲ-ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး သူမက “ အလ္လာအရှင်ဆီက လွဲပြီး ကျွန်မက ဘယ်သူ့ဆီကမှ တောင်းဆိုမှာ မဟုတ်ဘူး ”လို့လည်း တုန့်ပြန် ပြောဆိုခဲ့ပါတယ်။ ရဲအရာရှိ Olga Lapteva က တရားရုံးမှာ Bobokulova ဟာ အလွန်ပြင်းထန်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်ခဲ့ တာဖြစ်ကြောင်း လျှောက်လဲခဲ့တာကြောင့် သူမဟာ အနည်းဆုံး ထောင်ဒဏ်သုံးနှစ်ထက် ပိုပြီး ချမှတ်ခံရ ဖို့ရှိပါတယ်။ တရားရုံးက သူမကို အယူခံတက်ခွင့် ပေးခဲ့ပေမယ့် သူမက ခေါင်းကို ခါရင်း အယူခံမ၀င်တော့ ဘူးလို့ ပြန်လည်လျှောက်လဲခဲ့တာကို ကြည့်ခြင်းအားဖြင့်လည်း သူမ သတ်ဖြတ်ခဲ့တဲ့ ကလေးငယ်အတွက် နောင်တရပုံပေါ်နေတယ်လို့ ယူဆနေကြပါတယ်။

 

မျက်မြင်သက်သေတစ်ယောက်ရဲ့ ထွက်ဆိုချက်အရ Bobokulova ဟာ အခင်းဖြစ်စဉ်တုန်းက အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ကလေးငယ်ရဲ့ ခေါင်း ပြတ်ကလေးကို မြှောက်ပြကာ မြေအောက်ဘူတာမှာရှိတဲ့ လူထုကြားထဲမှာ “Allahu Akbar(ဘုရားသခင် သာ အမြင့်မြတ်ဆုံး)” လို့ အာရေဗျလို အော်ဟစ်နေခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူမရဲ့ ချစ်သူဟာ သူမဆီကို လာလည်ပြီး မကြာမီမှာ လူသတ်မှုဖြစ်ပေါ်ခဲ့တာဖြစ်ပြီး ဆက်စပ်မှုတွေ ရှိနိုင် တယ်လို့ယူစနေပါတယ်။ သူမဟာ အဆိုပါ အမျိုးသားနဲ့ ဇာတိ ဥဇဘက်ကစ္စတန်ကို ပြန်တဲ့ ခရီးစဉ်အတော အတွင်းမှာ လက်ထပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ မည်သို့ပင် ဆိုစေကာမူ ရင်သွေးငယ်ရှိသူများအနေနဲ့ ကလေးထိန်း(နာနီ)ခန့်အပ်တဲ့အခါမှာ မပေါ့မဆ ရှိဖို့ လိုအပ်နေတယ်ဆိုတာကို ဒီမှုခင်းက မီးမောင်းထိုးပြ နေပါတယ်။



Follow us on