1. Home
  2. International News

ပေါင် ၁,၀၀၀ ရှိတဲ့ အမျိုးသမီးက ပေါင် ၈၀၀ ချနိုင်ဖို့အတွက် ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ ခင်ပွန်း ကို အလေးချိန်လျော့ကျပြီးနောက် ကွာရှင်းခဲ့

International News มี.ค. 09, 2559 view 1,582

အသက် ၃၄ နှစ် အရွယ် မေရာရိုဆယ်လ်သည် ၎င်း၏ တူဖြစ်သူကို ကိုယ်လုံးဖြင့် ဖိသတ်ခဲ့သည် ဟု စွပ်စွဲခံရသူဖြစ်သည် ။ ထိုစဉ် သူမ မှာ ပေါင်ချိန် ၁၀၀၀ ရှိခဲ့သည် ။  ယခုအချိန်တွင် ပေါင် ၈၀၀ ချနိုင်သွားပြီး ယခင်ကထက် အစပေါင်းများစွာ ပိန်သွယ်သွားခဲ့ပြီဖြစ်သည် ။

ညီမဖြစ်သူ ဂျမီက ၎င်းသားသည် မေရာရိုဆယ်ကြောင့် သေသွားခဲ့ရသည်ဟု ထွက်ဆိုပေးရန် မေရာရိုဆယ်လ်ကို တိုးလျှိုးတောင်းပန်ခဲ့ ကြောင်းသိရသည် ။ မေရာရိုဆယ်လ်ကလည်း ဘဝကို လက်လျှော့ထားပြီးသူဖြစ်၍ ထိုသို့ ထွက်ဆိုပေးခဲ့သည် ။

သို့သော် ဆေးစစ်ချက် ထွက်လာသော အခါတွင်မှု ကလေးသည် ဦးခေါင်းဒါဏ်ရာများဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ပြီး ထိုသို့ အဖိခံရ၍ သေးဆုံးသွားခြင်း မဟုတ်ဟု စုံစမ်း စစ်ဆေးရေးမှူးများသိသွား တော့သည် ။

ဂျမီကလည်း ဝန်ခံသဖြင့် ၎င်းသည် ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရသည် ။ ကျန်နေသေးသည့် တူ ၊ တူမများကို စောင့်ရှောက်နိုင်ရန်အတွက် မေရာရိုဆယ်လ်က ခန္ဓာကိုယ် အလေးချိန်ချတော့မည် ဟု ၂၀၁၁ ခုနှစ်တွင် စိတ်ပိုင်းဖြတ်ခဲ့သည် ။

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှ ထိပ်တန်းဆရာဝန်က သူမကို အဓိက တာဝန်ယူကုသပေးခဲ့သည် ။ ပိုနေသည့် အဆီများကို စွဲထုတ်ပစ်သည့် ခွဲစိတ်မှု ကို ၁၁ ကြိမ် ခံယူပြီးတွင် မေရာရိုဆယ်သည် ပေါင် ၂၀၀ ဝန်းကျင်သာရှိတော့သည် ။ ထိုနောက်တွင်မှု သူမ ဝလွန်း၍ အိပ်ရာထဲမှ မထနိုင် စဉ်ကာလ တစ်လျှောက်လုံး သူမကို ပြုစုစောင့်ရှောက်ခဲ့သည့် ခင်ပွန်းအား ကွာရှင်းပြီး ချစ်သူ အသစ်ဖြစ် တွဲလျက်ရှိကြောင်း သတင်းများ အရသိရသည်။ 



Follow us on