1. Home
  2. International News

Microwave နဲ့ ကြက်ဥ ပြုတ်လို့ မျက်လုံးကွယ်သွားတဲ့ ဖြစ်ရပ်

International News มี.ค. 09, 2559 view 1,648

တရုတ်နိုင်ငံသားတစ်ဦးဟာ Microwave (အစာနွှေးစက်) ထဲမှာ ကြက်ဥပြုတ်မိတဲ့အတွက် ပေါက်ကွဲမှုဖြစ်ပွားပြီး မျက်စိ ၂ ဘက်လုံး ကွယ်သွားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံက အသက် ၃၀ ရွယ် ဖခင်တဦးဟာ သားဖြစ်သူကျောင်းမသွားခင် စားဖို့ ကြက်ဥ ကို ရေဇလုံထဲထည့်ပြီး Microwave ထဲ ထည့်ထားခဲ့ပါတယ်။

၂ မိနစ်လောက်အကြာ Microwave  ထဲမှာ ကျယ်လောင်တဲ့ အသံကြားလိုက်ရပြီး သူက Microwave အဖုံးကို ဖွင့်လိုက်တဲ့အခါမှာ ပေါက်ကွဲစတွေ မီးဖိုချောင်တခုလုံး ပြန့်ကျဲအောင် လွှင့်စင်လာပြီး သူ့မျက်စိ ၂ ဘက်လည်း ပေါက်ကွဲစကြောင့် မီးစနဲ့အထိုးခံရသလို ပူလောင် နေတယ်လို့ ပြောပါတယ်။

ဆေးရုံရောက်တဲ့အခါ ဆရာဝန်က သူ့မျက်ခွံရော မျက်လုံးရော ၂ ဘက်လုံး ပြင်းထန်စွာ ဒဏ်ရာရတဲ့အတွက် ကွယ်သွားပြီလို့ ပြောပါတယ်။

ဒီလိုဖြစ်ရတဲ့အကြောင်းကတော့ ကြက်ဥကို ရိုးရိုးမီးဖိုနဲ့ ပြုတ်တဲ့အခါမှာ အပူချိန်တွေဟာ ပြင်ပကနေ အတွင်းသို့ စီးဝင်ပြီး Microwave  နဲ့ ပြုတ်ရင်တော့ အဲဒါနဲ့ ဆန့်ကျင်ဘက် အပူချိန်တွေက အတွင်းပိုင်းကနေ အပြင်ကိုစီးထွက်တယ်လို့ ဆရာဝန်က ပြောပါတယ်။

Microwave  ထဲက ကြက်ဥဟာ အတွင်းဘက်မှာ အပူရှိန်တွေ ပြင်းထန်လာပြီး သိပ်သည်းတဲ့ ကြက်ဥခွံကို ဖောက်ထွင်းဖို့ကြိုးစားတဲ့အတွက် ကြက်ဥခွံတုန်ခါလာကြောင်း၊ ဇလုံထဲမှာရှိတဲ့ ရေအပူချိန်လည်း မြင့်လာပြီး အငွေ့ပျံသွားတဲ့အတွက် ကြက်ဥရဲ့အပူကိုထိန်းညှိပေးနိုင်စွမ်း မရှိတော့ဘဲ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ပွားရတာလို့ ဆိုပါတယ်။

ဒါကြောင့် Microwave  နဲ့ ကြက်ဥပြုတ်မယ်ဆိုရင် ကြက်ဥကို ဇလုံထဲခေါက်ထည့်ပြီး အနှစ်ကို လည်း အပေါက်ဖောက်ပေးသင့်ကြောင်း၊ ကြက်ဥစွပ်ပြုတ်၊ ဒါမှမဟုတ် ပူတင်းဖုတ်မယ် ဆိုရင်လည်း ကြက်ဥကို အပ်သွား ဒါမှမဟုတ် သွားကြားထိုးတံနဲ့ အပေါက်ဖောက်ပြီးမှ ပြုတ်ကာ အဖုံးကိုလုံအောင်ဖုံးသင့်ကြောင်း ပြောသွားပါတယ်။



Follow us on