အမျိုးသမီးတစ်ဦးဟာ သားဥကြွေ အချိန်အခိုက်အတန့်တစ်ခုမှာ အမျိုးသားနှစ်ဦးနဲ့ လိင်ဆက်ဆံလိုက်ရာကနေ အမြွှာလေးမွေးတော့ ကလေးနှစ်ယောက် အဖေက နှစ်ယောက်ဖြစ်နေတယ်လို့ ဗြိတိန် Mirror သတင်းစာက ဖော်ပြထားပါတယ်။
ကလေးတွေ ၂ နှစ်သားလောက်မှ ဒီကိစ္စကိုသိတာပါ။
မိခင်နဲ့ ခင်ပွန်းသည်တို့ဟာ ကလေးတွေ ၂ နှစ်သားလောက်မှ DNA သွားစစ်ကြည့်တဲ့အခါ အဖြေကိုသိကြရတာ ဖြစ်ပါတယ်။
အမြွှာကလေးနှစ်ယောက်ဟာ သိသိသာသာကြီးကို တစ်ဦးနဲ့ တစ်ဦး မတူကြတာမို့ ခုလို စစ်ကြည့်မှာ အံ့သြစရာ ဖြစ်ရပ်ကြီး သိလိုက်ကြရတာ ဖြစ်ပါတယ်။
ကလေးနှစ်ဦးတည်းက တစ်ဦးကသာလျှင် ဖခင်အရင်းဖြစ်သူနဲ့ မွေးထား တာဖြစ်တာကို အဖြေထွက်လာတော့ ဗီယက်နမ်အနွယ် လင်မယားနှစ်ယောက်လုံး လန့်သွားကြပါတယ်။ ကလေးနှစ်ယောက်လုံးကို မိခင်တစ်ဦးတည်းက တပြိုင်နက် မွေးလာခဲ့တာဖြစ်ပြီး ဆေးရုံက ကလေး မှားယူလာခဲ့တာ မဟုတ်ဘူးလို့လည်း သတင်းတွေက ဆိုပါတယ်။ ခုလိုဖြစ် ရပ်မျိုးဟာ အင်မတန်မှ ရှားပါးပါတယ်လို့ ဗီယက်နမ် မျိုးရိုးဗီဇ သုတေသန အသင်း ဥက္ကဋ္ဌ လီဒင်လောင်းက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
၎င်းတို့စင်တာမှ အဖေနှစ်ဦး အမြွှာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ၄င်းက အတည်ပြုပေးပါတယ်။
"ဒါဟာ ဗီယက်နမ်အတွက်ဘဲ ရှားတာမဟုတ်ပါဘူး။ ကမ္ဘာမှာလည်း ဖြစ်ခဲပါတယ်"ဟု အဆိုပါ ပညာရှင်က ပြောကြားပါတယ်။
အမျိုးသမီးတစ်ဦးဟာ ရှားရှားပါးပါး မျိုးဥနှစ်လုံးကြွေပြီး မျိုးဥကြွေနေစဉ် အခိုက်အတန့်မှာ မရှေးမနှောင်းဖြစ်စေ၊ တစ်ချိန်တည်းဖြစ်စေ
ယောင်္ကျားနှစ်ဦးနဲ့ လိင်ဆက်ဆံလိုက်ပြီး နှစ်ယောက်လုံးရဲ့ သုက် ပိုးကောင်တွေနဲ့ တိုက်ဆိုင် သန္ဓေတည်မှ ဖြစ်နိုင်တာမျိုးပါ။