1. Home
  2. International News

တရုတ်ဇာတ်ကားများ သီးသန့်ပြမည့် တောင်ကိုရီးယာနိုင်ငံ၏ ပထဆုံး တရုတ် ရုပ်ရှင်ရုံ

International News มี.ค. 14, 2559 view 1,923

                      တရုတ်ဇာတ်ကားများ သီးသန့်ပြသမည့် တောင်ကိုရီးယားနိုင်ငံ၏ တရုတ်ရုပ်ရှင်ရုံကို ဒေဟန်ဂိုရှိ Dongyang အနုပညာစင်တာတွင် ဖွင့်လှစ်သွားမည်လို့ သိရပါတယ်။

                       တရုတ်ရုပ်ရှင်ရုံတွင် စုစုပေါင်း ထိုင်ခုံ ၃၈၂ ခုံ ပါရှိမည်ဖြစ်ပြီး အဖွင့်ဇာတ်ကားကို နာမည်ကျော်ကြားသော ဒါရိုက်တာ Zhang Yimou ၏ ၁၉၈၈ ရုပ်ရှင်ကား “ Red Sorghum”ကို ပြသသွားမည် ဖြစ်ပြီး ယင်းဇာတ်ကားသည် ၃၈ ကြိမ်မြောက် နိုင်ငံတကာ ဘာလင်ရုပ်ရှင်ပွဲတော်တွင် ရွှေဝက်ဝံဆုကို ရရှိထားသည့် ဇာတ်ကားဖြစ်သည်။

                      “ The Phantom Lover” နှင့် “ The Mermaid” ကဲ့သို့သော ရုပ်ရှင်ကားများကိုလည်း ပြသသွားမည်ဖြစ်သည်။ ရုပ်ရှင်ရုံသည် စနေ၊ တနင်္ဂနွေနှင့် တနင်္လာနေ့များတွင် ရုပ်ရှင်များကို အခမဲ့ ပြသပေးသွားမည် ဖြစ်သည်။ “ ရုပ်ရှင်ရုံဟာ တရုတ်ယဉ်ကျေးမှုကို နားလည်စေတဲ့ နေရာတစ်ခု ဖြစ်လာမှာဖြစ်တယ်။

                       တရုတ်နှင့် ကိုရီးယားနိုင်ငံအကြားရှိ တင်းမာမှုတွေကို ဖြေရှင်းပေးမှာ ဖြစ်ပါတယ်”ဟု Jongno- gu ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားပါ သည်။



Follow us on