1. Home
  2. International News

ဗုံးခြိမ်းခြောက်မှုကြောင့် အိန္ဒိယလေယာဉ်မှ ခရီးသည်များ အရေးပေါ် လျှောဆင်းခဲ့ရ

International News มี.ค. 17, 2559 view 1,542

          အိန္ဒိယလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီးပေါ်မှာ ဗုံးပါလာကြောင်း ခြိမ်းခြောက်မှုကြောင့် အရေးပေါ် ရှာဖွေမှု ပြုလုပ်ခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့ (မတ်လ ၁၆ ရက်) နှောင်းပိုင်းက ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်မှာ ဒေလီမှ ဘန်ကောက်ကို ပျံသန်းတဲ့ ခရီးသည် ၂၃၁ ဦး လိုက်ပါလာတဲ့ အိန္ဒိယလေကြောင်းရဲ့ ခရီးသည်တင် လေယာဉ်ပေါ်မှာ ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းပါလာကြောင်း သတင်းရခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သတင်းကြောင့် ခရီးသည်တွေကို လေယာဉ်ပေါ်မှ အရေးပေါ် လျှောဆင်းစေခဲ့ရပါတယ်။

         အရေးပေါ် လျှောဆင်းခဲ့ရမှုကြောင့် ခရီးသည် ၄၂ ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါတယ်။ နှလုံးရောဂါကြောင့် ရင်ဘတ်အောင့် ဝေဒနာခံစားရတဲ့ ခရီးသည်တစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပါတယ်။ ဗုံးရှင်းလင်းရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေက ခရီးသည်တွေရဲ့ ခရီးဆောင်အိတ်တွေ အပါအဝင် လေယာဉ်ကို ရှာဖွေရှင်းလင်းခဲ့ပေမဲ့ သံသယဖြစ်စရာ ပစ္စည်းတစ်စုံတရာ မတွေ့ရှိခဲ့ရပါဘူး။ သုဝဏ္ဏဘူမိလေဆိပ်ဟာ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး လေဆိပ်ဖြစ်ပြီး နှစ်စဉ် ခရီးသည် သန်း ၅၀ ခန့် အသုံးပြုနေတာ ဖြစ်ပါတယ်။

http://www.duwun.com.mm/



Follow us on