1. Home
  2. International News

ရဲတပ်ဖွဲ့ကို ကူညီလို့ ဒေါ်လာတစ်သိန်း ရသွားတဲ့ အိမ်ခြေမဲ့

International News มี.ค. 17, 2559 view 1,537

         ဆန်ဖရန်စစ္စကိုမြို့မှာ နေထိုင်တဲ့ အိမ်ခြေမဲ့တစ်ဦးဟာ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားနှစ်ဦးကို ပြန်လည် ဖမ်းဆီးနိုင်ရန် ကူညီခဲ့တာကြောင့် ရဲတပ်ဖွဲ့ရဲ့ ဆုငွေ ဒေါ်လာ ၁၀၀,၀၀၀ ရရှိခဲ့ပါတယ်။ မက်သယူး ဟေးချက်မင်းဆိုသူ အိမ်ခြေမဲ့က ထောင်ဖောက် ထွက်ပြေးခဲ့တဲ့ အကျဉ်းသားနှစ်ဦးကို သတင်းမှာ တွေ့မြင်မှတ်မိထားပါတယ်။မက်သယူးက ၎င်းအကျဉ်းသားနှစ်ဦးကို ခိုးယူထားတဲ့ ဗင်ကားတစ်စီးနဲ့အတူ တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ထံ ဆက်သွယ် အကြောင်းကြားခဲ့ပါတယ်။

          ရဲတပ်ဖွဲ့က ပြန်လည် ဖမ်းမိခဲ့တဲ့ အကျဉ်းသားနှစ်ဦးဟာ Orange County အကျဉ်းထောင်မှ ပြီးခဲ့တဲ့ ၆ ရက်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ပြည်နယ်အတွင်း ပိုက်စိပ်တိုက် လိုက်လံရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့က ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ ၁၅၀,၀၀၀ ချီးမြှင့်ခဲ့ပြီး အဆိုပါ ဆုငွေကို အိမ်ခြေမဲ့ မက်သယူး အပါအဝင် လူ ၄ ဦး ခွဲဝေရယူခဲ့ပြီး မက်သယူးက အများဆုံး ရရှိခဲ့တာပါ။ ထောင်ဖောက်ပြေးတဲ့ အကျဉ်းသားနှစ်ဦးကို တွေ့ရှိမိကြောင်း ရဲတပ်ဖွဲ့ထံ အကြောင်းကြားတဲ့ စတိုးဆိုင်ဝန်ထမ်းနှစ်ဦးက ဒေါ်လာ ၁၅,၀၀၀ စီ ရခဲ့ပါတယ်။ ထို့အတူ အကျဉ်းသားနှစ်ဦး ခိုးယူသွားခဲ့တဲ့ ဗင်ကားရဲ့ ပိုင်ရှင်ဖြစ်သူက ဒေါ်လာ ၂၀,၀၀၀ ဆုငွေရရှိခဲ့ကြောင်း သိရပါတယ်။      http://www.duwun.com.mm/



Follow us on