1. Home
  2. International News

ကားတိုက် မှုကြောင့် မျက်နှာအသစ် လဲခဲ့ရတဲ့ ကောင်မလေး

International News มี.ค. 18, 2559 view 1,600

Chloe Thomson ဟာ အသက် 19 နှစ်ရှိပြီ ဖြစ်ပြီး စကော့တလန်နိုင်ငံ Renfrewshire မှာ နေထိုင်သူဖြစ်ပါတယ်။ 11 နှစ်သမီး အရွယ်တုန်းက Argyll မြို့မှာ ယာဉ်တိုက် မှုဖြစ်ခဲ့ပြီး မျက်နှာတစ်ခုလုံးပျက်ဆီးခဲ့ရပါတယ်။ သူမက အဲဒီအဖြစ်ဆိုးကို “ ကျွန်မဘ၀အတွက်တော့ အဆိုးဝါးဆုံး အတွေ့အကြုံပါဘဲ ”လို့ ပြောခဲ့ပါတယ် ။ Chloe ရဲ့ အမေဖြစ်တဲ့ Jennifer ကလည်း “ အဲဒီတုန်းက ခွဲစိတ် ခန်းထဲမှာ သူ့ မျက်နှာတစ်ခုလုံးကို ခွာထုတ်လိုက်ပြီး ပြီးမှ ပြန်စွပ်လိုက်တာပါ …ဒါကတော့ ကျွန်မ အတွက် အဆိုးဝါးဆုံးအချိန်ပါဘဲ ” လို့ သတင်းမီယာတွေကို ပြောပြခဲ့ဘူး ပါတယ်။

Chole ဟာ ပြီးခဲ့တဲ့ ရှစ်နှစ်ခန့်က သူမရဲ့ အစ်မ၊ တူဝရီးတော်သူတစ်ယောက်နဲ့အတူ ခရီးတစ်ခု ထွက် ခဲ့ပြီး Argyll မြို့နယ်ထဲအရောက်မှာ သစ်ပင်တစ်ပင်ကို အရှိန်ပြင်းစွာ ၀င်ရောက်တိုက်မိပြီး၊ အဲဒီသစ် ပင်ကလည်း ကားပေါ်ကို ထပ်မံလဲကျခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေက ကားထဲက လူတွေကို အပြင်ထုတ်ဖို့ ကြိုးစားခဲ့ကြပြီး ကားတံခါးက ဆိုးရွားစွာ ပျက်ဆီးကာ သူမရဲ့မျက်နှာကို အကြီးအကျယ် လာရောက် ထိခိုက်ခဲ့ပါတယ်။

Chloe ကို သူနာပြုလေယာဉ်နဲ့ ဆေးရုံကို ပို့ခဲ့ရပြီး အရိုး ဒါဇင်နဲ့ချီကာ ကျိုးတဲ့ ဒဏ်ရာတွေအပြင် မျက်နှာကလည်း ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့လို့ ကိုးနာရီကျော်ကြာ ခွဲစိတ် မှုတွေ ပြုလုပ်ခဲ့ရပါတယ်။ ဒဏ်ရာတွေက ပြန်လည် သက်သာလာပေမယ့် စကားလုံးဝ မပြောနိုင်တာကြောင့် သူ့မိဘတွေဟာ စာကိုသုံးပြီး တစ်ယောက်နဲ့တစ်ယောက် စကားပြောခဲ့ရပါတယ်။

Chloe က “ ဒီလိုဖြစ်ပြီးတဲ့နောက် လပေါင်းတော်တော်များများမှာ ကျွန်မ ဘယ်ကိုမှ မသွားခဲ့ဘူး … သူငယ်ချင်းတွေနဲ့လည်း အဆက် အသွယ်မလုပ်ခဲ့သလို တွေ့ချင်စိတ်လည်း မရှိဘူး … ကျွန်မ အချိန်တိုင်း ဒီမတော်တဆမှုကနေ သက်သာရာရဖို့ ဆက်တိုက်လုံးပန်းနေရတယ်” လို့ ပြောဆိုခဲ့ပါတယ်။

သူမဟာ အခုအချိန်မှာ အရမ်းလှပတဲ့ မျက်နှာကို ပိုင်ဆိုင်ထားတဲ့ မိန်းမပျိုလေးတစ်ယောက် ဖြစ်နေခဲ့ ပြီ ဖြစ်ပါတယ်။ သူမရဲ့ ကားမတော်တဆဖြစ်မှုပုံတွေကို လူမှုကွန်ယက်မှာ တင်ခဲ့လို့ Like ထောင်ချီပြီး ရရှိခဲ့သလို၊ ရာနဲ့ ချီတဲ့သူတွေကလည်း နှစ်သိမ့်အားပေးတဲ့ မှတ်ချက်စကားများနဲ့ ၀န်းရံခဲ့ကြပါတယ်။ mom



Follow us on