1. Home
  2. International News

သူမရဲ့တင်ဟာခွဲစိတ်ထားတာမဟုတ်ကြောင်း စင်ပေါ်မှာအတိုင်းခံပြခဲ့တဲ့ Yanet

International News มี.ค. 18, 2559 view 1,630

အခုတလော ပေါ်ပြူလာအဖြစ်ဆုံးသတင်းကတော့ Yanet Garciaဆိုတဲ့ မက္ကဆီကိုနိုင်ငံသူ မိုးလေဝသ သတင်းကြေငြာသူကောင်မလေးရဲ့သတင်းဖြစ်ပါတယ်။ ကမ္ဘာကျော် အဖော်အချွတ်မဂ္ဂဇင်းကြီးဖြစ်တဲ့ Playboy မဂ္ဂဇင်းကြီးက မိုးလေ၀သအစီအစဉ် ကြေငြာသူ တွေထဲမှာ ကမ္ဘာ့အဟော့ဆုံး အမျိုးသမီးအဖြစ် Yanet Garcia ကို ရွေးချယ်လိုက်ပါတယ်။

Yanet ဟာ အသက် 24 နှစ် ရှိပြီး သူမရဲ့ ကျော့ရှင်းလှပတဲ့ ခန္ဓာကိုယ်အနေအထား၊ စကား အပြောဆို ပြေပြစ်သေသက်မှုတွေကြောင့် Playbpy မဂ္ဂဇင်းက “ သင့်ကို မိုးလေ၀သအစီအစဉ် ကြည့် ချင်စိတ်ပေါက်အောင် ဖမ်းစားနိုင်မယ့် အမျိုးသမီး ” လို့ အမွှန်းတင်ခဲ့ပါသေး တယ်။ သူမ ရဲ့ တင်ပါး ဟာ အစားထိုးခွဲစိပ်မှု လုပ်ခဲ့တယ်လို့ အင်တာနက်ပေါ်မှာ အဝေဖန် ခံခဲ့ ရပါ သေး တယ်။ Yanet ရဲ့ Instagram မှာလည်း ပရိသတ် 1.5 သန်းကျော် ရှိပြီး တစ်ကိုယ်ရေစွဲဆောင်မှု နဲ့ အောင်မြင်နေသူတစ်ယောက် ဖြစ်တယ်လို့ သက်မှတ်လို့ရပါတယ်။

တင်ပါးအစားထိုးခွဲစိတ်မှုဟာ မမှန်မကန်သတင်းဖြစ်ပြီးသူမဟာ လေ့ကျင့်ခန်းတွေပုံမှန်လုပ်တာကြောင့် ခန္ဓာကိုယ်လှပနေတာဖြစ်ကြောင်း သူမပရိတ်သတ်တွေကို ဓာတ်ပုံတွေတင်ပြီး ပြောခဲ့ပါသေးတယ် ။ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်လာအပြီးမှာ သူမဟာ စင်ပေါ်မှာတင် သူမတင်ပါးကို အတိုင်းခံခဲ့ပါတယ်။

သူမဟာ Instagram ပေါ်မှာ follower တစ်သန်းကျော်ရှိပြီး သူမရဲ့လေ့ကျင့်ခန်းလုပ်ပုံတွေကိုလည်း အင်စတာဂရမ်ပေါ်မှာလဲ တင်ထားပါ တယ်။ “အားကစားလုပ်ပြီး ရလာတဲ့ ရလဒ်တွေကိုကြည့်ကြည့်ပါ”လို့ လည်း သူမပရိတ်သတ်တွေကို တိုက်တွန်းခဲ့ပါတယ်။ Yanet ဟာ ခန္ဓာကိုယ်နဲ့ လိုက်ဖက်စွာ ၀တ်စားဆင်ယင်တတ်သူ ဖြစ် သလို သူမရဲ့ နှစ်လိုဖွယ် အပြုံးလေးကြောင့်လည်း လူမှုရေးနယ်ပယ်မှာ အခုလို အောင်မြင်နေသူတစ်ယောက် လည်း ဖြစ်ပါတယ်။



Follow us on