1. Home
  2. International News

ကိုယ်တိုင်ဒီဇိုင်းထုတ်ထားတဲ့ကားကို ရောင်းချနေတဲ့ Victoria

International News มี.ค. 19, 2559 view 1,832

Victoria ဟာ ကားကို သုံးနှစ်အတွင်း မိုင်ပေါင်း ၁,၄၀၀ သာ မောင်းနှင်ရပါသေးတယ်။ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ ဗစ်တိုးရီးယားဘက်ခမ်းကို Evoque လို့ခေါ်တဲ့ အကန့်အသတ်နဲ့သာ ထုတ်ဝေတဲ့ ကားကို တည်ဆောက်ဖို့အတွက် လန်ရိုဗာကုမ္ပဏီက လုပ်ငန်းအပ်နှံခဲ့တာပါ။

ပေါင် ၈၀,၀၀၀ တန်တဲ့ အဲဒီကားတွေကို အစီး ၂၀၀ သာ ထုတ်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာထုတ်တဲ့ အဲဒီဘက်စုံသုံးကားတွေထဲက တစ်စီးကိုတော့ ဘက်ခမ်းမိသားစုက ရရှိခဲ့ပါတယ်။ "ကျွန်မမောင်းချင်တဲ့၊ ဒေးဗစ်မောင်းချင်မယ်လို့ ကျွန်မထင်တဲ့ ကားတစ်စီးကို ကျွန်မဒီဇိုင်းထုတ်ထားတယ်" လို့လဲ ဗစ်တိုးရီးယားက ပြောခဲ့ဘူး ပါတယ်။

ဒါပေမဲ့လည်း ကလေး ၄ ယောက်အမေ ဗစ်တိုးရီးယားဟာ နာမည်ကြီးလှတဲ့ သူမရဲ့ကားကို သိပ်မမောင်းဖြစ်လှပါဘူး။ သုံးနှစ်အတွင်း မိုင်ပေါင်း ၁,၄၀၀၀ သာ အသုံးပြုခဲ့တဲ့အတွက် တစ်ရက်ကို တစ်မိုင်ခွဲ နှုန်းသာ ရှိပါတယ်။ သူမနာမည်နဲ့ ရှိနေတဲ့ အဲဒီကားကို ပေါင် ၆၀,၀၀၀ နဲ့ ရောင်းချမယ်လို့ ဈေးခေါ်ခဲ့ပေမဲ့ အခုတော့ ပေါင် ၅၅,၀၀၀ အထိ ဈေးကျသွားခဲ့ပါပြီ။



Follow us on