1. Home
  2. International News

၁၅ ဒေါ်လာနဲ့ ဝယ်ပြီး ဗြိတိန်ပေါင် ၅သောင်းခွဲကျော်နဲ့ ရောင်းထွက်ခဲ့တဲ့ နာရီ

International News มี.ค. 21, 2559 view 1,717

အင်္ဂလန်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ ပုံမှာ မြင်တွေ့ရတဲ့ နာရီကို ပစ္စည်းဟောင်းရောင်းတဲ့ ကားပေါ်က ဆိုင်တစ်ခုမှာ နာရီတစ်လုံး ဝယ်လိုက်ပါတယ်။ တန်ဖိုးအားဖြင့် ဗြိတိန်ပေါင် ၁၀ ပေါင်ပဲ ပေးလို့ ဝယ်ခဲ့ခြင်း ဖြစ်ပါတယ်။ သူဟာ ယင်း နာရီကို လေလံဈေးပေါ်မှာ ဗြိတိန်ပေါင် ၅၀၀ လောက် ရရင် ရောင်းမယ်ဆိုပြီးတော့ တင်ခဲ့ပါတယ်။

မမျော်လင့်ပဲ သူဟာ ဗြိတိန်ပေါင် ၅သောင်းခွဲ ပေးပြီးတော့ ဝယ်မယ့်သူနဲ့ တွေ့ခဲ့ ပါတယ်။ Rolex နာရီဖြစ်ပြီး အီတလီရေတပ်မှ ရေတပ်သားများ အသုံးပြုဖို့အတွက် ဒုတိယ ကမ္ဘာစစ်က ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၁ ခုနှစ်နဲ့ ၁၉၄၃ ခုနှစ်ကြားမှ စုစုပေါင်း ၆၁၈ လုံးပဲ ထုတ်ခဲ့တာ ဖြစ်ပါတယ်။ နာရီရဲ့ အမည်ရှည်ကတော့ Rolex 17 Rubis Panerai 3636 ဖြစ်ပါတယ်။ အီတလီမှ နာရီ ပညာရှင် Panerai မှ တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

နာရီက ရေစိုခံပြီးတော့ ညဘက်မှာ မြင်ရအောင် ဖန်တီးထားခဲ့တဲ့ နာရီ ဖြစ်ပါတယ်။ သူ့မှာ ကြိုးလည်း မပါတော့သလို စက်ကလည်း မလည်တော့ ပါဘူး။ ပျက်သွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် နာရီကိ စုရတာ ဝါသနာ ပါသူများအတွက်ကတော့ ရွှေထက်တောင် ဈေးပိုပေးပြီး ဝယ်ချင်ကြပါတယ်။ ယခုဆိုရင် ၁၅ ဒေါ်လာဝန်းကျင်တန်ကို ကန်ဒေါ်လာ ၇ သောင်းနီးပါးပေးပြီးတော့ ရောင်းချနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ တန်ဖိုးဆိုတာ တစ်ဦးချင်းစီထားရှိတဲ့ စံအပေါ်မှာ မူတည်တာကြောင့် အချိ့အတွက် ရယ်စရာဖြစ်သော်ငြား အချို့အတွက်က ဂုဏ်ယူစရာ လုပ်ဆောင်ချက် ဖြစ်ပါတယ်။

https://www.facebook.com/YoYarLay/

 

 



Follow us on