1. Home
  2. International News

အမေရိကန်- ကျူးဘား သမ္မတ ၂ဦး ဟာဗားနားမှာ တွေ့ဆုံ

International News มี.ค. 22, 2559 view 1,617

အမေရိကန် သမ္မတ အိုဘားမားရဲ့ သမိုင်းဝင် ကျူးဘား ခရီးစဉ်အတွင်းမှာ သမ္မတ ရာအူးလ် ကက်စထရိုနဲ့ ကျူးဘားတော်လှန်ရေးနန်းတော်မှာ တွေ့ဆုံခဲ့တဲ့အပြင် ကျူးဘားလွတ်လပ်ရေး သူရဲကောင်း Jose Marti ရဲ့ အထိမ်းအမှတ် ကျောက်တိုင်မှာ လွမ်းသူ့ပန်းခွေချခဲ့ပါတယ်။တွေ့ဆုံဆွေးနွေးပွဲအပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ကျူးဘားသမ္မတ ရာအူးလ် ကက်စထရို က အမေရိကန်နဲ့ ကျူးဘားအကြား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်တဲ့အတွက် သမ္မတ အိုဘားမားကို ချီးကျူးစကားဆိုခဲ့သလို၊ ကျူးဘားအပေါ်ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို လည်း ဖယ်ရှားပေးဖို့ ပြောဆိုခဲ့ပါတယ်။

သမ္မတအိုဘားမားကလည်း သူ့အနေနဲ့ ပိတ်ဆို့ထားမှုတွေကို ဖယ်ရှားဖို့ ကြိုးစားမယ်လို့ ပြောလိုက်ပြီး၊ ကျူးဘား အနေနဲ့ လူ့အခွင့်အရေးမှတ်တမ်းကိုလည်း တာဝန် ခံဖို့ ဆိုလိုက်ပါတယ်။ ကျူးဘားရဲ့ အဓိကပို့ကုန်ဟာ သကြားဖြစ်သလို ဟာဗားနား ဆေးပြင်းလိပ်ဟာလည်း ကမ္ဘာမှာ နာမည်ကျော်ဖြစ်ပါတယ်။ ၁၉၂၈ ခုနှစ် အမေရိကန်သမ္မတ Calvin Coolidge ဟာဗားနားသို့ လာရောက်ခဲ့ပြီးနောက်ပိုင်းမှာ နှစ်ပေါင်း ၉၀ အတွင်း အမေရိကန် သမ္မတအိုဘားမား ပထမဆုံး ကျူးဘားကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သမ္မတအိုဘားမားဟာ မနေ့ကတော့ ကျူးဘားနိုင်ငံ မြို့တော်ဟာဗားနားကို လည်ပတ်ကြည့် ရှု့ခဲ့ပါတယ်။

Credit ; The Irrawaddy (Burmese Version)

 

 



Follow us on