1. Home
  2. International News

အဓမ္မပြုကျင့်ဖို့ကြိုးစားတဲ့သူကို ပညာပေးလိုက်တဲ့အာဂအမျိုးသမီး

International News มี.ค. 25, 2559 view 1,609

အဓမ္မကျင့်ဖို့ ကြိုးစားတဲ့ အမျိုးသားတစ်ယောက်ကို ဒဏ်ရာတွေပရဗွရသွားအောင် ပညာပြန်ပေး လိုက်တဲ့ အာဂအမျိုးသမီးတစ်ယောက်ရဲ့ သတင်းကလည်း အင်္ဂလန်သတင်းမီဒီယာတွေရဲ့ စိတ်ဝင် စားမှုကို ခံခဲ့ရပါတယ်။ အဆိုပါ အမျိုးသမီးဟာ လမ်းလျှောက်ပြန်လာစဉ်မှာ အမျိုးသားတစ်ယောက် ခြုံထဲကနေ ထွက်လာ ခဲ့ပြီး သူမကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီလူဟာ “ မင်း ပျော်စေရမှာပါ ” လို့ ပါးစပ်ကလည်း ပြောသေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမျိုးသမီးဟာ သူမရဲ့ အိမ်သော့ကို လက်နက်အဖြစ် အောင်မြင်ထိရောက်စွာ အသုံးချခဲ့ပါတယ်။ အဲဒီလူဟာ မထင်မှတ်ပဲ အတိုက်ခိုက်ခံလိုက်ရပြီး မျက်နှာကို အခြစ်ခံခဲ့ရသလို “ နောက် အမျိုးသမီး တွေကို အဲဒီလို စော်ကားဖို့မကြိုးစားနဲ့” ဆိုပြီး အမျိုးသမီးရဲ့ ပြင်းထန်တဲ့ ထိုးချက်တွေကြောင့် မျက်နှာ တစ်ခုလုံးလည်း ဖူးယောင်ဒဏ်ရာတွေ ရခဲ့ပါတယ်။

Yorkshire တောင်ပိုင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး ကလည်းထို အမျိုးသမီးကို “ သင်ရဲ့ ရဲစွမ်းသတ္တိအဆင့်အတန်း မြင့်မားကြောင်းကို သင် ပြသနိုင်ခဲ့ တယ် … ခင်ပွန်းသည်တစ်ယောက်လို အမျိုးသမီးတစ်ယောက်ရဲ့ အဖေလို ဒီမြို့မှာနေတဲ့ အမျိုးသမီးထု ရဲ့ ကိုယ်စား သင့်ကို ချီးကျူးပါတယ် ” “ ဒါ့အပြင် Yorkshire တောင်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေ အားလုံးကိုယ်စား သင့်ရဲ့ ရဲစွမ်းသတ္တိကို အမှတ်ရနေမှာပါ … ဒီမြို့မှာရှိတဲ့ အမျိုးသမီးတွေရဲ့ ပိုမိုလုံခြုံတဲ့နေရာတစ်ခုကို အတ္တကင်းမဲ့စွာ၊ ရဲရင့်ပြတ်သားစွာ ကူညီပြီးဖန်တီးပေးတယ်လို့ ယူဆပါတယ် ” လို့ ဖြည့်စွက် ပြောကြား ခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အမျိုးသမီးတစ်ယောက်အား အဓမ္မ ပြုကျင့်ရန် ကြိုးစားအားထုတ်မှုဖြင့် ထောင်ဒဏ် 4 နှစ်ခွဲ ကျခံခဲ့ရပါတယ်။ အမျိုးသမီးတွေ ထိုကဲ့သို့ ကြုံလာခဲ့ ရင် ထိုအမျိုးသမီးလိုပဲ ရဲရဲရင့်ရင့် ပြန်ခုခံသင့်ပါတယ်။ Credit:MOM



Follow us on