1. Home
  2. International News

တရုတ်နဲ့ အငြင်းပွားကျွန်းအနီး ဂျပန်က ရေဒါစခန်းသစ် ဖွင့်လှစ်

International News มี.ค. 28, 2559 view 1,708

ဂျပန်နိုင်ငံက အရှေ့တရုတ်ပင်လယ်ပြင်အတွင်း အငြင်းပွားကျွန်းစုအနီးမှာ ရေဒါစခန်းတစ်ခု ယနေ့ (မတ်လ ၂၈ ရက်) ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ဂျပန်က ဖွင့်လှစ်တဲ့ ရိုနာဂူနီ ရေဒါစခန်းသစ်ဟာ ဂျပန်မှာ ဆန်ကာကူလို့ခေါ်ပြီး တရုတ်နိုင်ငံက ဒိုအိုယူလို့ခေါ်ဝေါ်တဲ့ ကျွန်းစုနဲ့ ၉၃ မိုင်အကွာမှာ တည်ရှိပါတယ်။ ဂျပန်က အရှေ့တရုတ်ပင်လယ်အတွင်း ရေဒါစခန်းသစ် ဖွင့်လှစ်ခြင်းက တရုတ်နိုင်ငံကို ဒေါသထွက်စေမှာဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးတပ်မှ အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။

ဂျပန်က အသစ်ဖွင့်လှစ်တဲ့ ရေဒါစခန်းဟာ သတင်းအချက်အလက်များ ရယူခြင်းအပြင် ဒေသတွင်း စစ်အခြေစိုက်စခန်းအဖြစ်လည်း အသုံးပြုနိုင်ကြောင်း သိရပါတယ်။ ဂျပန်ရဲ့ ရေဒါစခန်းသစ်ဟာ ထိုင်ဝမ်အရှေ့ဘက် ၆၂ မိုင်အကွာမှာ တည်ရှိပြီး ၂၀၁၃ ခုနှစ်မှာ တရုတ်နဲ့အငြင်းပွားခဲ့တဲ့ လေကြောင်းကာကွယ်ရေးဇုန်အနီး တည်ရှိပါတယ်။ ဂျပန်နိုင်ငံဟာ လာမယ့် ၅ နှစ်အတွင်း အရှေ့တရုတ်ပင်လယ်ပြင်မှာ ကာကွယ်ရေးစစ်အင်အား တိုးချဲ့သွားရန် စီစဉ်ထားပါတယ်။

Credit ; http://www.duwun.com.mm/



Follow us on