1. Home
  2. International News

ဝါရှင်တန်ကို နျူဒုံးကျည်ဖြင့် ပစ်ခတ်သည့် ၀ါဒဖြန့်ချိရေးဗီဒီယို မြောက်ကိုရီးယား ထုတ်ပြန်

International News มี.ค. 28, 2559 view 1,684

မတ် ၂၆ ရက်က ထုတ်ပြန်လိုက်သည့် မြောက်ကိုရီးယား ၀ါဒဖြန့်ချိရေး ဗီဒီယိုတစ်ခု၌ ရေငုပ်သင်္ဘောမှ ပစ်လွှတ်လိုက်သော နျူကလီးယား ဒုံးကျည်တစ်စင်းသည် ၀ါရှင်တန်မြို့အား ဖျက်ဆီးလိုက်ပုံကို ပြသခဲ့ပြီး နောက်ဆုံးတွင် မီးလောင်နေသော အမေရိကန် အလံဖြင့် အဆုံးသတ်ခဲ့သည်။ လေးမိနစ်ကြာမြင့်သည့် ယင်းဗီဒီယိုကို “Last Chance” ဟုအမည်ပေးထားသည်။

ဗီဒီယိုထဲ၌ အမေရိကန်-ကိုရီးယား ဆက်ဆံရေးသမိုင်းကို ပြသခဲ့ပြီးနောက် ဒစ်ဂျစ်တယ် နည်းပညာဖြင့် ဖန်တီးထားသည့် ပြကွက်များဖြစ်သည့် ဒုံးကျည်တစ်စင်း တိမ်များကြားထဲသို့ တိုးဝင်သွားပုံ၊ တစ်ဖန်မြေပြင်ပေါ်သို့ ပြန်ကွေ့ဆင်းလာပြီး ၀ါရှင်တန်ရှိ လင်ကွန်းအထိမ်းအမှတ်ရှေ့မှ လမ်းပေါ်သို့ ကျသွားပုံတို့ဖြင့် အဆုံးသတ်ခဲ့သည်။ အမေရိကန်လွှတ်တော် အဆောက်အအုံကြီး ပေါက်ကွဲသွားပြီးနောက် “အမေရိကန်နယ်ချဲ့တွေ ကျုပ်တို့ရဲ့မြေကို တစ်လက်မပဲဖြစ်စေ ကျူးကျော်လာပါက နျူကလီးယား လက်နက်နဲ့ ချက်ချင်းတိုက်ခိုက်သွားမှာ ဖြစ်တယ်” ဟု ရေးသားထားသော စာတန်းထွက်ပေါ်လာသည်။

ထိုဗီဒီယိုကို မြောက်ကိုရီးယား ၀ါဒဖြန့်ချိရေးဝက်ဘ်ဆိုက် DPRK Today တွင်တင်ခဲ့ခြင်းဖြစ်သည်။ ယင်းဗီဒီယိုထဲတွင် ၁၉၆၈ ခုနှစ်က အမေရိကန် သူလျှိုသင်္ဘော Pueblo ဖမ်းဆီးခံရပုံနှင့် ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းက မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ပထမဆုံးအကျပ်အတည်း ပေါ်ပေါက်ခဲ့ပုံနှင့် ပတ်သက်သည့် ရုပ်ပုံများကိုလည်း ဗီဒီယိုထဲ၌ ဖော်ပြခဲ့သေးသည်။

Credit ; http://news-eleven.com/



Follow us on