1. Home
  2. International News

ထိုင်းနိုင်ငံက အသက်ရှင်လုပ်ရှားနေတဲ့ ဒိုင်နိုဆော ပန်းခြံ

International News มี.ค. 29, 2559 view 1,738

မတ်လ ၂၅ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ 'Dinosaur Planet' လို့ အမည်ပေးထားတဲ့ ပန်းခြံအတွင်းမှာ အသက်ဝင်ရွေ့လျားသွားလာနေတဲ့ Raptor လို့လည်းခေါ်တဲ့ Velociraptor ပုံစံတူ ဒိုင်နိုဆောတွေကြောင့် အလည်ပတ်ရောက်လာသူတွေ ထိန့်လန်နေတာ တွေ့ရတာဖြစ်ပါတယ်။

အဆိုပါ ပန်းခြံကို ထိုင်းဘတ် သန်း (၅၀၀) (ဒေါ်လာ ၁၄ သန်း (သို့) ယူရို ၁၂ သန်း) ကုန်ကျခံတည်ဆောက်ထားတာဖြစ်ပြီး မတ် ၂၅ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။

နေ့စဉ် လည်ပတ်သူ (၁၅၀၀၀) ကျော် ဝင်ရောက်ဖို့ ရည်ရွယ်ထားပြီး ကွန်ပြူတာ ထိန်းချုပ်မှုအောက်မှာ ရွေ့လျားလုပ်ဆောင်စေမယ့် ဒိုင်နိုဆော မျိုးစိတ်ပေါင်း (၂၀၀) ကျော်နဲ့ တင်ဆက် ဆွဲဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Tyrannosaurus rex သို့မဟုတ် T-Rex တစ်ခုဟာ အလေးချိန် တစ်တန် ဝန်းကျင်ရှိပြီး (၁၃) မီတာရှည်ကာ အမြင့် (၄) မီတာ ရှိပါတယ်။

 



Follow us on