1. Home
  2. International News

အီဂျစ်လေယာဉ် ပြန်ပေးဆွဲ ခံရခြင်း ငြိမ်းချမ်းစွာပြီးဆုံး

International News มี.ค. 30, 2559 view 1,535

ကိုင်ရိုမြို့ကို ဦးတည်သွားနေတဲ့ EgyptAir လေကြောင်းလိုင်းရဲ့ လေယာဉ်တစ်စင်းဟာ ယနေ့ (မတ်လ ၂၉ ရက်) မှာ အပိုင်စီးခံရခဲ့ပြီး ဆိုက်ပရက်စ်ကို လမ်းကြောင်းပြောင်း မောင်းနှင်ခိုင်းခံရပြီးနောက် ယခုတော့ လေယာဉ်အမှုထမ်းတွေရော ခရီးသည်တွေပါ အန္တရာယ်ကင်းစွာ လေယာဉ်ပေါ်က ဆင်းသက်နိုင်ပြီဖြစ်ပြီး လေယာဉ်အပိုင်စီးသူကိုလည်း ဖမ်းဆီးထားလိုက်ပြီလို့ သိရပါတယ်။

"လေယာဉ်အပိုင်စီးသူကို ဖမ်းဆီးလိုက်ပါပြီ။ ခရီးသည်အားလုံးနဲ့ လေယာဉ်အမှုထမ်းအားလုံး ဘေးကင်းပါတယ်" လို့ ဆိုက်ပရက်စ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ နီကိုစ်က တွစ်တာကနေ ပြောကြားခဲ့တာပါ။

အဆိုပါ Airbus 320 လေယာဉ်ပေါ်မှာ အနည်းဆုံး ၈၁ ဦး လိုက်ပါစီးနင်းခဲ့တယ်လို့လည်း သိရပါတယ်။

ရှပ်အင်္ကျီအဖြူဝတ်ဆင်ထားတဲ့ လေယာဉ်အပိုင်စီးသူကို ရဲတပ်ဖွဲ့က ခေါ်ဆောင်သွားပုံကို ဆိုက်ပရက်စ် နိုင်ငံပိုင်ရုပ်မြင်သံကြားက ပြသတာကို တွေ့မြင်လိုက်ရပါတယ်။

လေယာဉ်အပိုင်စီးသူမှာ ဖောက်ခွဲရေးပစ္စည်းတွေရှိကြောင်း အစောပိုင်း သတင်းထုတ်ပြန်မှုက မှားယွင်းပုံရတယ်လို့ ဆိုက်ပရက်စ် နိုင်ငံခြားရေးရာ ဝန်ကြီးဌာနရဲ့ ဝန်ကြီး အလက်ဇန္ဒရိုစ်ဇင်နွန်က ပြောကြားခဲ့ပါတယ်။

 



Follow us on