အသက်(၃)နှစ်ပဲရှိသေးတဲ့ကောင်မလေးတစ်ယောက်ဟာ ထိုင်ဝမ်မြို့ရထားဘူတာနားမှာ အမေဖြစ်သူနဲ့အတူတူလျှောက်လာနေတုန်း နောက်ကနေတိုက်ခိုက်ခံရပြီး ခေါင်းဖြတ်ခံခဲ့ရ ပါတယ်။ သူမရဲ့အမေကလည်း တိုက်ခိုက်သူကိုပြန်လည် ခုခံခဲ့ပေမယ့် လည်း မတားဆီးနိုင်ခဲ့ပါဘူး။
ဘေး နားကလူတွေကလည်း ဝင်ယောက်ကူညီခဲ့ကြပေမယ့် အဖြစ်အပျက်ကအရမ်းမြန်ဆန်လွန်း ပြီး ကလေးက ခေါင်းပြတ်နေခဲ့ပြီဖြစ်ပါတယ်။ ကလေးရဲ့ အဘွားဖြစ်သူ Mrs Liuကတော့ ဒေသခံရုပ်သံအစီအစဉ်တစ်ခုကို “ကျွန်မမယုံနိုင်ပါဘူး။ ဘာလို့များဒီလောက်ရက်စက်တဲ့ လုပ်ရပ်မျိုးလုပ်ရက်ကြတာလဲ”လို့ ဝမ်းနည်းစွာဆိုခဲ့ပါတယ်။ ပြည်တွင်းမီဒီယာတွေကတော့ တိုင်ပေမှာ တိုက်ခိုက်သူကိုဖမ်းမိခဲ့ကြပါတယ် ။
တရားခံကို ဖမ်းမိပြီး မကြာမီမှာပဲ ရဲစခန်းနားမှာ လူတွေစုရုံးလာခဲ့ကြပါတယ်။ အစိုးအရအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Central News Agencyကတော့ ၃၃နှစ်အရွယ် တရားခံဟာ အရင်ကလည်း ဆေးမှုနဲ့ထောင်ဒဏ်ကျဖူးတဲ့အပြင် စိတ်ရောဂါလည်းခံစားနေရတယ်လို့ ပြောကြားခဲ့ ပါတယ်။
အခုထိတော့ တရားခံကိုဘယ်လိုပြစ်ဒဏ်ပေးမလဲ မသိသေးပေမယ့် အများစုကတော့ အပြစ်မရှိတဲ့ ကလေးမလေးကို ရက်ရက်စက်စက် သက်သွားတဲ့ တရားခံကို သေဒဏ်ပေးစေချင်နေကြပါတယ်။
Credit :Shwemom