1. Home
  2. International News

အီတလီ လက်ရွေးစင် အသင်းနည်းပြ အန်တိုနီယို ကွန်တီ ချယ်လ် ဆီး အသင်းနှင့် သုံးနှစ်စာချုပ် ချုပ်ဆိုမည် ဖြစ်ကြောင်း အတည်ပြု

International News เม.ย. 05, 2559 view 1,986

လက်ရှိအီတလီ နိုင်ငံတကာ လက်ရွေးစင် အသင်းကို ကိုင်တွယ်လျက်ရှိတဲ့ နည်းပြ အန်တိုနီယို ကွန်တီ ဟာ ၂၀၁၆ ခုနှစ် ဥရောပ ဖလားပြိုင်ပွဲ အပြီးတွင် ချယ်လ်ဆီး အသင်းကို တာဝန်ယူကိုင်တွယ် သွားမည်ဖြစ်ကြောင်း ကို အီတလီ သတင်းစားများတွင် တရားဝင်ဖော်ပြခဲ့ပါသည် ။

ဂျူဗင်တပ် အသင်း ၏ ကွင်းလယ် ကစားသမားဟောင်း အဖြစ်သော်လည်းကောင်း ၊ နည်းပြဟောင်းအဖြစ် သော်လည်းကောင်း တာဝန်ယူခဲ့တဲ့ အန်တိုနီယို ကွန်တီ ဟာ ချယ်လ်ဆီးအသင်းနှင့် ရက်သတ္တပါတ် အကြာ ညှိနှိုင်းဆွေးနွေးခဲ့ပြီး တစ်နှစ် လျှင် ယူရို ပေါင် ၅ သန်းတန် စာချုပ်ဖြင့် ၃ နှစ် ချုပ်ဆိုမည် ဖြစ်ကြောင်း သိရသည် ။

ချယ်လ်ဆီးအသင်း ချန်ပီယံ လိဂ်ဖလား ရရှိပါက ဆုကြေး ပေါင် ၅ သန်းရရှိမည်ဖြစ်ကြောင်းကို လည်း စာချုပ်တွင် ချုပ်ဆိုခဲ့ကြောင်း သိရသည် ။

ဂီယန်လူကာ ဗီယာလီ ၊ ကော်လ်ဒီယို ရန်နီအဲရီ ၊ ကာလို အန်စလော့တီ နှင့် ရောဘတ်ဒီမတ်တီယို တို့ပြီးနောက် ချဲလ်ဆီးအသင်း ရဲ့ ၅ ယောက်မြောက် အင်တီလီ နိုင်ငံသား နည်းပြဖြစ်လာမည် ဖြစ်ပါသည် ။



Follow us on