1. Home
  2. International News

နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုဆိုင်ရာ သတင်းထောက်အဖွဲ့ ICIJ က မကြာသေးခင်ရက်ပိုင်းကပဲ ဖွင့်ချ ထုတ်ပြန်လိုက်တဲ့ စာရင်း Panama Papers ထဲမှာ မြန်မာနိုင်ငံကဆိုပြီး လူပုဂ္ဂိုလ် ၁၆ ဦးနဲ့ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတခုရဲ့ နာမည် ပါဝင်

International News เม.ย. 07, 2559 view 1,615

ပြည်ပမှာ လျှို့ဝှက်ဘဏ်စာရင်း ဖွင့်ထားသူတွေရဲ့ စာရင်းထဲမှာ အခုလို မြန်မာနိုင်ငံက လူပုဂ္ဂိုလ်တွေလည်း ပါဝင်နေတာကို ICIJ အဖွဲ့က သူတို့ရဲ့ဝက်ဘ်ဆိုက်တ်မှာ တင်ထားတာကို တွေ့ရသည်။

စာရင်းထဲမှာဖော်ပြထားသည့် နာမည်တွေထဲမှာ ဦးအောင်ကျော်မြင့်၊ ဦးအေးဇော်ဝင်း၊ ဒေါက်တာဥမ္မာမိုးမြင့်၊ ဦးကျော်ဝင်း၊ ဦးမောင်မောင်ဆွေတင်၊ ဒေါ်မြမြစိုး၊ ဒေါ်မြသန္တာဆွေတင်၊ ဦးသုတ၊ ဦးဌေးမြင့်၊ ဦးမိုးမြင့် ခေါ် ဦးမိုက်ကယ်လ်မိုးမြင့်၊ ဦးမြင့်ဆွေ၊ ဦးမျိုးတင် တို့ ပါရှိကြောင်းတွေ့ရသည်။

ထို့ပြင် မြန်မာနိုင်ငံကဟု ဖော်ပြထားသည့် နိုင်ငံခြားသားနာမည်နဲ့ လူလေးဦးပါဝင်ပြီး Ernest Howard Bolton II, Jonathan W. Smith, Quamruddin Ahmed နဲ့ William Mark Hilsman ဟု ဖော်ပြထားသည်။

ဒီစာရင်းမှာ ပါသူ ဦးအေးဇော်ဝင်းဟာ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ သားမက်ဖြစ်ပြီး ဦးမိုက်ကယ်မိုးမြင့်ရဲ့ဇနီး ဒေါ်ဥမ္မာမိုးမြင့်ကတော့ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို အနီးကပ် ကူညီဆာင်ရွက်ပေးနေသူတဦး ဖြစ်သည်။

ပြည်ပလျှို့ဝှက် ဘဏ်စာရင်းတွေရဲ့ ရည်ရွယ်ရင်း သဘောသဘာဝ အသေးစိတ်ကိုတော့ ဖော်ပြထားခြင်း မရှိကြောင်း တွေ့ရသည်။



Follow us on