1. Home
  2. International News

စတိတ်စင်ပေါ် မြွှေဟောက် အကိုက် ခံရသော်လည်း ၄၅ မိနစ်ကြာ ဆက်လက် ဖျော်ဖြေလို့ သေဆုံးခဲ့သူ

International News เม.ย. 07, 2559 view 1,580

Irma Bule လို့အမည်ရတဲ့ အသက် ၂၉ နှစ်အရွယ် အမျိုးသမီးဟာ အင်ဒိုနီးရှားမှာ အတန်အသင့် အောင်မြင်တဲ့ Pop အဆိုတော် တစ်ဦး ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စတိတ်စင်ပေါ်မှာ သီဆိုနေရင်း မြွှေဟောက်အကိုက်ခံရလို့ သေဆုံးသွားပြီ ဖြစ်ပါတယ်။ မြွှေဟောက်အကိုက်ခံရပြီး ၄၅ မိနစ်ကြာ ဆက်လက် ဖျော်ဖြေခဲ့ပြီးမှ သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်။

Iram Bule ရဲ့ ထူးခြားသော performance အနေဖြင့် မြွှေများဖြင့် ကပြဖျော်ဖြေခြင်း ပါဝင်ပါတယ်။ တစ်ခါနဲ့တစ်ခါ အသုံးပြုတဲ့ မြွှေများမတူပါဘူး။ ကမ္ဘာ့ အဆိပ်အပြင်းဆုံးစာရင်းဝင်သော မြွှေတစ်မျိုး ဖြစ်တဲ့ King Cobra နဲ့လည်း ဖျော်ဖြေပါတယ်။ အဆိပ်မရှိအောင်လုပ်ထားတဲ့ အကောင်များနဲ့ ဖျော်ဖြေပါဆိုတာကိုလည်း သူမက ငြင်းဆန်ပြီး တကယ်အဆိပ်ရှိတဲ့ မြွှေများဖြင့် ဖျော်ဖြေခဲ့ခြင်း ဖြစ်ပါတယ်။



နှစ်အတော်ကြာ ဖျော်ဖြေလာရာ ဘာမှ မဖြစ်ခဲ့ပေမယ့် ယခုရက်ပိုင်းအတွင်းကတော့ တကယ် ဖြစ်ခဲ့ပါတယ်။ မြွှေဟောက် King Cobra ဟာ သူမရဲ့ ပေါင်ကို ပေါက်လိုက်ပါတယ်။ ချက်ချင်းမှာ စတိတ်စင်ပေါ်ကို လူများတက်လို့ မြွှေကို ယူဆောင်သွားပြီး သူမရဲ့ အနာကိုလည်း ဝိုင်းကြည့် သွေးကို အတတ်နိုင်ဆုံး ထုတ်ပေးကြ ပါတယ်။ သူမဟာ အနားယူခြင်း မရှိပဲ အဆင်ပြေပါတယ်လို့ ပြောပြီး နောက်ထပ် ၄၅ မိနစ်ကြာတောင် ဖျော်ဖြေခဲ့ပါသေးတယ်။ ၄၅ မိနစ်ကြာပြီးနောက်မှာတော့ ခေါင်းမူးပြီး မေ့လဲ ပါတယ်။

နောက်နေ့ကျတော့ ဆေးရုံမှာ Irma Bule ဟာ သေဆုံးပြီဖြစ်ကြောင်း အတည်ပြုခဲ့ကြ ပါတယ်။ King Cobra ရဲ့ အဆိပ်နဲ့ တစ်ချက် အပေါက်ခံရရင် ဆင်တစ်ကောင်တောင် သေဆုံးနိုင်ပြီး ယင်းအဆိပ်က လူ အယောက် ၂၀ ကို သေဆုံးစေအောင်အထိ အဆိပ်ပြင်းပါတယ်။

Credit : yoyarlay



Follow us on